မြန်မာအပါအဝင် အာရှနိုင်ငံအချို့ ဒီဂျစ်တယ်စီးပွားရေးစနစ် ဆောင်ရွက်မည်

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအချို့မှာ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်စီးပွားအတွက် ဦးတည်ပြီး နာမည်အမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတာလို့ Huawei ရဲ့ Vice President Carrier Business Group ဖြစ်သူ Zhou Jianjun ကပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Myanmar Digital Economy နာမည်နဲ့ ဆောင်ရွက်နေသလို တရုတ်နိုင်ငံအနေနဲ့ Internet Plus အမည်၊ ထိုင်းနိုင်ငံအနေနဲ့ Digital Thailand အမည်နဲ့ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

” အာရှနိုင်ငံတစ်ချို့အနေနဲ့ national ICT development mastery plan တွေကို မိတ်ဆက်ခဲ့ပြီး ဒီဂျစ်တယ် စီးပွားရေးတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ Smart Digital Malaysia အမည်နဲ့ဆောင်ရွက်နေပြီး အိန္ဒိယနိုင်ငံအနေနဲ့ Digital India အမည်နဲ့ ဆောင်ရွက်နေ ပါတယ်။ အင်ဒိုနီးရှားကတော့ Indonesia Broadband Plan ဆိုတဲ့ နာမည်နဲ့ဆောင်ရွက်နေပြီး ဖိလစ်ပိုင် ကတော့ Philippine NBN နဲ့ ဆောင်ရွက်နေတာလို့ သိရပါတယ်။

ဗီယက်နမ်ကတော့ Vietnam Industry 4.0 promotion အမည်နဲ့ဖြစ်ပြီး ဘဂ်လားဒေ့ရှ်ကတော့ Digital Bangladesh အမည်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံရဲ့ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်ရေးလည်း ဖြစ်တာကြောင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း