ရုရှားက ယူကရိန်းနျူစွမ်းအင်ကုမ္ပဏီ ဝဘ်ဆိုက်အားတိုက်ခိုက်ခဲ့ဟုယူကရိန်းဆို

ယူကရိန်းနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom အား ရုရှားအခြေစိုက် ဟက်ကာများက ၎င်း၏ ၀က်ဘ်ဆိုက်တွင် သုံးနာရီကြာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း ကြီးကြီးမားမားပြဿနာများ မဖြစ်ပွားခဲ့ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

“ရုရှားအဖွဲ့ ‘People’s Cyber ​​Army’ သည် ကုမ္ပဏီ၏ ပင်မစာမျက်နှာကို ကြည့်ရှုမှုပေါင်း သန်းရာနှင့်ချီသော bot အသုံးပြုသူ ၇ ဒသမ ၂၅ သန်းကိုအသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း Energoatom က အင်္ဂါနေ့ကထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် Energoatom ဝဘ်ဆိုဒ်၏ လုပ်ငန်းဆောင်တာများကို သိသိသာသာ ထိခိုက်စေခြင်းမရှိဟု ကုမ္ပဏီကဆိုခဲ့သည်။

ရုရှား၏ နာမည်ကြီးဆိုက်ဘာအုပ်စုသည် ဝက်ဘ်ဆိုဒ်ကို သုံးနာရီကြာ တိုက်ခိုက်ရန် ဘော့တ်များကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပြီး တိုက်ခိုက်မှုသည် Energoatom ဝဘ်ဆိုက်၏ လုပ်ငန်းအပေါ်တော့ သိသိသာသာ သက်ရောက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

ရုရှားမှ “popular cyberarmy” ဟုအမည်ပေးထားသော Telegram ချန်နယ်တစ်ခုသည် ၎င်း၏‌ဖော်လိုဝါများအား ယူကရိန်းနျူကလီးယားအော်ပရေတာ၏ ဝဘ်ဆိုက်ကိုတိုက်ခိုက်ရန် လည်းတောင်းဆိုခဲ့သည်။

သို့သော် အင်္ဂါနေ့ညနေပိုင်းတွင် ၎င်းသည် အစီအစဉ်ပြောင်းကာ ဖော်လိုဝါများအား ယူကရိန်းနိုင်ငံ‌တော် အမှတ်တရအထိမ်းအမှတ်တက္ကသိုလ်ကို ပစ်မှတ်အသစ်တစ်ခုအဖြစ်တိုက်ခိုက်ရန် ပြန်ညွှန်းပေးခဲ့သည်။

မတ်လတွင် ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သော နိုင်ငံတောင်ပိုင်းရှိ Zaporizhzhia နျူဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ဆိုက်ဘာတိုက်ခိုက်မှုဖြစ်‌ေပါ်ခြင်း ဖြစ်သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ဥရောပ၏ အကြီးဆုံး နျူကလီးယားစက်ရုံကို ပစ်ခတ်မှုအား အပြန်အလှန်စွပ်စွဲကာ နျူကလီးယား မတော်တဆမှုဖြစ်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ယူကရိန်းသည် ဖေဖော်ဝါရီ ၂၄ ရက်က ၎င်း၏နိုင်ငံသို့ ရုရှားကမကျူးကျော်မီနိုင်ငံ၏လျှပ်စစ်ဓာတ်အား ထက်ဝက်ခန့်ကို ထောက်ပံ့ပေးရန် နျူကလီးယားဓာတ်အားပေးစက်ရုံ လေးရုံကိုအားထား‌ေနခဲ့သည်။

ယူကရိန်းနိုင်ငံသည် ၁၉၈၆ ခုနှစ်တွင် ချာနိုဘိုင်း ဓာတ်အားပေးစက်ရုံ၏ နံပါတ်လေး ဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့စဉ်က ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားမတော်တဆမှု ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။ ဓာတ်အားပေးစက်ရုံ၏ အခြားဓာတ်ပေါင်းဖိုသုံးလုံးကိုလည်း ဆက်တိုက်ပိတ်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင် နောက်ဆုံးပိတ်သွားခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်များသည် ကျူးကျော်မှု ပထမနေ့တွင် ချာနိုဘိုင်းစက်ရုံကို သိမ်းပိုက်ခဲ့သည်။ Source – Aljazeera