မာန်အောင်မြို့နယ်ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ်လ (၁၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်အဝေးတွင် ပြည်နယ်ပါတီ အရန်ကော်မတီ ဦးကျော်လှဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်မြင့်တို့မှ အမှာစကားပြောကြားပြီး ဥက္ကဋ္ဌဦးမောင်ကြည်မှ အစည်းအဝေးဖိတ်ခေါ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီများနှင့် အရန်ကော်မတီများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာကဏ္ဍသတ်မှတ်ခြင်း နှင့် ရှေ့ဆက်သွားမည့် ပါတီ၏လုပ်ငန်းစဉ်များကို ဆွေနွေးအတည်ပြုခဲ့ကြပြီး ညနေ (၃) နာရီအချိန်တွင် အစည်အဝေး ပြီးဆုံးကြောင်း သတင်းရရှိသည်။


Leave a Reply