ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ၁၃၈၅ ခုႏွစ္ ျမန္မာ့ရိုးရာယဥ္ေက်းမႈ အတာသၾကၤန္ပြဲေတာ္ အခမ္းအနားဖြင့္ပြဲက်င္းပ

ဧၿပီ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ ၁၃၈၅ ခုႏွစ္၊ ျမန္မာ့ရိုးရာယဥ္ေက်းမႈ အတာသၾကၤန္ပြဲေတာ္ ဖြင့္ပြဲအခမ္းအနားကို ၂၀၂၄ ခုႏွစ္၊ ဧၿပီလ (၁၃)ရက္ေန႔ သၾကၤန္အႀကိဳေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ဝန္းအတြင္းရွိ ေရကစားမ႑ပ္တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ဇနီး၊ တြဲဘက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ား၊ ႐ုရွား-ျမန္မာခ်စ္ၾကည္ေရးအသင္းမွ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ား၊ ယိမ္းအကအဖြဲ႕မ်ားတက္ေရာက္ခဲ့ၾကပါသည္။
ထို႔ေနာက္ ႏွစ္သစ္မဂၤလာဆုေတာင္းစကားႏွင့္ အမွာစကားအား ပါတီဥကၠ႒ ဦးခင္ရီက ေျပာၾကားခဲ့ပါသည္။ ဆက္လက္ၿပီး အခမ္းအနားကို ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအလုပ္အမႈေဆာင္ ဦးစိုးနိုင္တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ျခင္း၊ ဧည့္ပရိတ္သတ္မ်ားအား နံ့သာရည္မ်ားျဖင့္ ျဖန္းပက္ျခင္း၊ ယိမ္းအဖြဲ႕မ်ားမွ ျမဴေမွာင္ေဝကင္း၊ တူးပို႔ တူးပို႔၊ မန္းေတာင္ရိပ္ခို သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖျခင္းျဖင့္ ျမန္မာ့ရိုးရာယဥ္ေက်းမႈ အတာသၾကၤန္ပြဲေတာ္ ေရကစားမ႑ပ္အား ဖြင့္လွစ္ခဲ့ၾကပါသည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ၁၃၈၅ ခုႏွစ္၊ ျမန္မာ့ရိုးရာအတာသၾကၤန္ပြဲေတာ္ ေရကစားမ႑ပ္ဖြင့္လွစ္အၿပီးတြင္ နိုင္ငံေက်ာ္ ေတးသံရွင္မ်ား၊ အႏုပညာရွင္မ်ားအပါအဝင္ ယိမ္းအကအဖြဲ႕မ်ားမွ အလွည့္က် ေဖ်ာ္ေျဖျခင္း၊ ဆုမ်ားခ်ီးျမႇင့္ျခင္းအျပင္ မုန႔္လုံးေရေပၚစတုဒိသာႏွင့္ သၾကၤန္ထမင္းမ်ားလည္း ေကၽြးေမြးခဲ့ရာ မိသားစုမ်ား ေပ်ာ္ရႊင္စြာျဖင့္ ပါဝင္ဆင္ႏြဲခဲ့ၾကပါသည္။

=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် အခမ်းအနားဖွင့်ပွဲကျင်းပ

ဧပြီ ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ်ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်ဇနီး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ယိမ်းအကအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် နှစ်သစ်မင်္ဂလာဆုတောင်းစကားနှင့် အမှာစကားအား ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားကို ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များအား နံ့သာရည်များဖြင့် ဖြန်းပက်ခြင်း၊ ယိမ်းအဖွဲ့များမှ မြူမှောင်ဝေကင်း၊ တူးပို့ တူးပို့၊ မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်လှစ်အပြီးတွင် နိုင်ငံကျော် တေးသံရှင်များ၊ အနုပညာရှင်များအပါအဝင် ယိမ်းအကအဖွဲ့များမှ အလှည့်ကျ ဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်းအပြင် မုန့်လုံးရေပေါ်စတုဒိသာနှင့် သင်္ကြန်ထမင်းများလည်း ကျွေးမွေးခဲ့ရာ မိသားစုများ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။