ရခိုင္ျပည္နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ ျပည္နယ္ေကာ္မတီ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးက်င္းပ

၁၇.၈.၂၀၂၃ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္မွစတင္ၿပီး ရခိုင္ျပည္နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမ၌ ျပည္နယ္ပါတီေကာ္မတီ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝး တစ္ရပ္ကိုက်င္းပခဲ့ပါသည္။
အဆိုပါအစည္းအေဝးတြင္ ျပည္နယ္ပါတီ ဥကၠဌ ေဒါက္တာစန္းေရႊမွ အဖြင့္အမွာစကားေျပာၾကားၿပီး ျပည္နယ္ပါတီ အတြင္းေရးမႉး ဦးသန္းေဝမွ ျပည္နယ္႐ုံးဆိုင္ရာကိစၥရပ္မ်ား၊ ဗဟိုဌာနခ်ဳပ္မွ ညႊန္ၾကားခ်က္မ်ား၊ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားသို႔ ထပ္ဆင့္ညႊန္ခ်က္မ်ားအား အက်ယ္တဝင့္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍ ျပည္နယ္ဘ႑ာေရးမႉး ဦးသန္းထြန္းမွ ဘ႑ာေရးဆိုင္ရာကိစၥရပ္မ်ားအားလည္းေကာင္း၊ ျပည္နယ္ေကာ္မတီဝင္ ဦးစန္းေငြ(လူငယ္ေရးရာတာဝန္ခံ)မွ လူငယ္ေရးရာကစၥရပ္မ်ားအားလည္းေကာင္း၊ ျပည္နယ္ေကာ္မတီဝင္ ေဒၚေအးမာခင္(အမ်ိဳးသမီးေရးရာတာဝန္ခံ)မွ အမ်ိဳးသမီးေရးရာကိစၥရပ္မ်ားအား လည္းေကာင္း၊ ပါတီဗဟိုမွညႊန္ၾကားခ်က္မ်ားအားလည္းေကာင္းေဆြးေႏြးခဲ့ၾကၿပီး အစည္းအေဝးကို ေခတၱရပ္နားခဲ့ၾကသည္။
ဆက္လက္ၿပီး ေန႔လည္ ၁ နာရီအခ်ိန္တြင္ အစည္းအေဝးကိုျပန္လည္က်င္းပခဲ့ရာ ျပည္နယ္ပါတီေကာ္မတီဝင္မ်ားမွ မိမိတို႔တာဝန္ယူထားၾကသည့္ က႑အလိုက္ အသီးသီးတင္ျပေဆြးေႏြးခဲ့ၾကၿပီး ျပည္နယ္ပါတီဥကၠဌႏွင့္ ျပည္နယ္အတြင္းေရးမႉးတို႔မွ တင္ျပခ်က္မ်ားအား အက်ယ္တဝင့္ေဆြးေႏြးခဲ့ၾကၿပီး အစည္းအေဝးကို ညေန ၃:၃၀ နာရီအခ်ိန္တြင္ ေအာင္ျမင္စြာၿပီးဆုံးခဲ့သည္။ အစည္းအေဝးသို႔ ျပည္နယ္ပါတီဥကၠဌ၊ အတြင္းေရးမႉး၊ ဘ႑ာေရးမႉးႏွင့္ ျပည္နယ္ေကာ္မတီဝင္မ်ား စုစုေပါင္း ၁၄ ဦး တက္ေရာက္ခဲ့ၾကသည္။

=====================================

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကိုကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးသန်းဝေမှ ပြည်နယ်ရုံးဆိုင်ရာကိစ္စရပ်များ၊ ဗဟိုဌာနချုပ်မှ ညွှန်ကြားချက်များ၊ ခရိုင်/မြို့နယ်ပါတီများသို့ ထပ်ဆင့်ညွှန်ချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်းမှ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ(လူငယ်ရေးရာတာဝန်ခံ)မှ လူငယ်ရေးရာကစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်ကော်မတီဝင် ဒေါ်အေးမာခင်(အမျိုးသမီးရေးရာတာဝန်ခံ)မှ အမျိုးသမီးရေးရာကိစ္စရပ်များအား လည်းကောင်း၊ ပါတီဗဟိုမှညွှန်ကြားချက်များအားလည်းကောင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ခေတ္တရပ်နားခဲ့ကြသည်။

ဆက်လက်ပြီး နေ့လည် ၁ နာရီအချိန်တွင် အစည်းအဝေးကိုပြန်လည်ကျင်းပခဲ့ရာ ပြည်နယ်ပါတီကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားကြသည့် ကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ပါတီဥက္ကဌနှင့် ပြည်နယ်အတွင်းရေးမှူးတို့မှ တင်ပြချက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃:၃၀ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။ အစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များ စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ကြသည်။