ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံကွန်ပျူတာသင်တန်းဖွင့်

 

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝနာရီက ဘုတ် ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီ အခြေခံကွန်ပျူတာသင် တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ယင်းသင်တန်းကို မြို့နယ်ပြည် ခိုင်ဖြိုးမှကြီးမှူး၍ရုံးအဖွဲ့မှူးဦးထွန်း ညွန့်နှင့်အဖွဲ့ဝင်တစ်ဦးက နေ့စဉ်၁ဝ နာရီမှစတင်ကာ အဆိုင်းငါးဆိုင်းခွဲ ၍ ဒေသခံပဉ္စမတန်းမှအဋ္ဌမတန်း ကျောင်းသားကျောင်းသူ ၃ဝကို အခမဲ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

ရူပ(ကော့သောင်း)