ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မင်းတပ်ခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံ

 

မတ်​(၃)၊မင်းတပ်​ သုတ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ မွန်းလွဲ ၂ နာရီက မင်းတပ်​မြို့နယ်​ပါတီရုံး ခန်းမတွင်​ မင်းတပ်​ခရိုင်​နှင့်​ မြို့နယ်​ပါတီတာဝန်​ရှိသူများအား​ တွေ့ဆုံခဲ့သည်​။

ထိုသို့​တွေ့ဆုံရာတွင်​ မင်းတပ်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးထန်းလိန်းနှင့်​ မင်းတပ်​ခရိုင်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးထန်း​လှေ့တို့မှ ခရိုင်​နှင့်​မြို့နယ်​ ပါတီတို့၏ ပါတီလုပ်​ငန်း​ဆောင်​ရွက်​ထားရှိမူ အ​ခြေအ​နေများကို ရှင်းလင်းတင်​ပြခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးမှ အမှာစကား​ ပြောကြားပြီး​နောက်​ ပြည်​ခိုင်​ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်​အမှာစကား ​ပြောကြားခဲ့သည်​။

တွေ့ဆုံရာသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်း၊ ပါတီဗဟို​ကော်​မတီဝင်​များ ဖြစ်​ကြ​သော ဦးဆန်​ကျုံး၊ ဆလိုင်းခွဲယန်​၊ ဦးဟာရှိန်း​ဘွေ၊ ချင်းပြည်​နယ်​ပါတီ အတွင်း​ရေးမှူး ဦးကျုံးဘိခ်​၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးအွမ်​​ဂေလိန်း၊ မင်းတပ်​ခရိုင်​ ပါတီဥက္ကဋ္ဌ ဦးထန်း​လှေ့၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မင်းတပ်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးထန်းလိန်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရပါသည်​။