ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား ႏွစ္သစ္ကူးေထာက္ပံ့ေငြ ေပးအပ္ပြဲအခမ္းအနားျပဳလုပ္

 

ဧၿပီ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ရွိ ေရးရာေကာ္မတီမ်ား၊ ဌာနမ်ားတြင္ အသီးသီးတာဝန္ထမ္းေဆာင္ေနၾကေသာ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားအတြက္ ႏွစ္သစ္ကူးေထာက္ပံ့ေငြမ်ားေပးအပ္ပြဲကို ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၀ ရက္ေန႔နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ အမွာစကားေျပာၾကားခဲ့ၿပီး ေထာက္ပံ့ေငြမ်ားကိုလည္း ဥကၠ႒ႀကီး၏ကိုယ္စား ေပးအပ္ခ်ီးျမႇင့္ခဲ့ရာ ပါတီဌာနခ်ဳပ္မႉးႏွင့္ တာဝန္ရွိသူအသီးသီးက လက္ခံရယူခဲ့ၿပီး ႏွစ္သစ္ကူးေထာက္ပံ့ေငြမ်ားေပးအပ္ပြဲ အခမ္းအနားကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ပါတီဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားတက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင်များ နှစ်သစ်ကူးထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားပြုလုပ်

ဧပြီ ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ ရေးရာကော်မတီများ၊ ဌာနများတွင် အသီးသီးတာဝန်ထမ်းဆောင်နေကြသော ဦးစီးရုံးအဖွဲ့ဝင်များအတွက် နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကိုလည်း ဥက္ကဋ္ဌကြီး၏ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့ရာ ပါတီဌာနချုပ်မှူးနှင့် တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ပြီး နှစ်သစ်ကူးထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။