Huawei P20 နှင့် P20 Pro မေလအတွင်း မြန်မာပြည်ဈေးကွက်သို့ ရောက်ရှိမည်

ကျောဘက်မှာ Leica Camera နှစ်လုံးပါဝင်တဲ့ Huawei P20 နှင့် Leica Camera သုံးလုံးပါဝင်တဲ့ Huawei P20 Pro တို့ကို မြန်မာပြည်ဈေးကွက်အတွင်း မေလစတုတ္ထပတ်မှာ စတင် ဝယ်ယူနိုင်မယ်လို့ Huawei Myanmar ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ စမတ်ဖုန်းတွေကို မေလ ၂၁ ရက်မှာ ဈေးကွက်အတွင်း တရားဝင် စတင်မိတ်ဆက်ရောင်းချသွားမှာ ဖြစ်ပြီး ကြိုတင်မှာယူမှု (Pre-Order) ကို မေလ ၁၂ ရက်မှ မေလ ၂၀ ရက်အတွင်း Huawei မှ တရားဝင် အရောင်း ကိုယ်စားလှယ် ရယူထားတဲ့ ဆိုင်ခွဲပေါင်း ၁၀၀ ကျော်မှာ မှာယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ Huawei P20 ကို မြန်မာငွေကျပ် ၈ သိန်းခွဲဝန်းကျင်နဲ့ Huawei P20 Pro ကို မြန်မာငွေကျပ် ၁၁ သိန်း ဝန်းကျင်နဲ့ မှာယူနိုင်မှာ ဖြစ်ပြီး အရောင်အနေနဲ့ Huawei P20 နဲ့ Huawei P20 Pro ကို Twilight, Black နဲ့ Midnight Blue အရောင် သုံးရောင်နဲ့ မှာယူနိုင်မယ်လို့ သိရပါတယ်။

ကြိုတင်ဝယ်ယူမှုပြုလုပ်နိုင်မယ့် အဆိုပါဆိုင်ခွဲတွေကို Huawei Myanmar ရဲ့ တရားဝင် Facebook Page မှ တစ်ဆင့် ကြေညာ သွားမှာဖြစ်ပြီး ကြိုတင်မှာယူလိုသူများအနေနဲ့ စရန်ငွေ ၅၀,၀၀၀ ကျပ်ကြိုတင်ပေးကာ မှာယူရမှာဖြစ်ပါတယ်။ ကြိုတင်မှာယူတဲ့ သုံးစွဲသူများအနေနဲ့ ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၁၅၀ တန်ဖိုးရှိတဲ့ Huawei ရဲ့ ပထမဆုံးစတူဒီယို ကြိုးမဲ့နားကြပ် Huawei FreeBuds Earphone နဲ့ Huawei Smart Scale များ ရရှိမှာဖြစ်ပါတယ်။

P20 နဲ့ P20 Pro ဈေးနှုန်းအတိအကျကို Huawei Mobile Myanmar ရဲ့ Official Facebook Page ဖြစ်တဲ့ ဒီနေရာမှ တစ်ဆင့် မကြာမီအချိန်အတွင်း ကြေညာသွားမှာဖြစ်ပြီး အသေးစိတ် သိရှိလိုသည်များကို Huawei Myanmar ရဲ့ Official Facebook Page မှ လည်းကောင်း၊ Hotline Phone Number ဖြစ်တဲ့ 01-9000900 သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနို င်မှာဖြစ်ပါ တယ်။

Huawei P20 Series ကို ယခုနှစ် မတ်လ ၂၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့ Grand Palais ခန်းမမှာ စတင် မိတ်ဆက်ခဲ့ပြီး Huawei P20 နဲ့ Huawei P20 Pro တို့ကို နောက်ဆုံးပေါ် အဆင့်မြင့် AI နည်းပညာများ၊ စမတ်ဖုန်းလောကရဲ့ အမြင့်ဆုံး pixel ပမာဏပါဝင်တဲ့ မှန်ဘီလူး၊ ဓာတ်ပုံများကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်စေမယ့် Master AI နဲ့ ရုပ်ထွက်တည်ငြိမ်မှုကို အထောက်အကူပြုမယ့် စွမ်းအားမြင့် Huawei AIS နည်းပညာတို့ ပါဝင်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း