ဂါဇာအေရးအတြက္ ဥေရာပတြင္ ေက်ာင္းသားမ်ား ဆႏၵထုတ္ေဖာ္

ေမ ၇

ဥေရာပနိုင္ငံႏွစ္နိုင္ငံျဖစ္သည့္ ဘယ္ဂ်ီယံႏွင့္ နယ္သာလန္တို႔တြင္ ဂါဇာရွိ အစၥေရး၏ စစ္ဆင္ေရးကို ေက်ာင္းသားမ်ားမွ ဆန႔္က်င္ဆႏၵထုတ္ေဖာ္ခဲ့သည္။

ဘယ္ဂ်ီယံနိုင္ငံ Ghent ၿမိဳ႕ႏွင့္ နယ္သာလန္နိုင္ငံ အမ္စတာဒမ္ၿမိဳ႕ရွိတကၠသိုလ္မ်ားတြင္ စု‌ေဝးဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။

အမ္စတာဒမ္ၿမိဳ႕လယ္ရွိ အမ္စတာဒမ္တကၠသိုလ္(UvA) တြင္ ရာႏွင့္ခ်ီေသာ ေက်ာင္းသားမ်ားသည္ စခန္းခ်ကာ ဆႏၵထုတ္ေနၿပီး တကၠသိုလ္တာဝန္ရွိသူမ်ားမွ ေက်ာင္းသားမ်ားအားေန႔ဘက္တြင္ ဆႏၵျပမႈကို ခြင့္ျပဳနိုင္ေသာ္လည္း ညပိုင္းအထိဆက္လက္လုပ္ေဆာင္ပါက ရဲကို အေၾကာင္းၾကားမည္ဟုဆိုသည္။

ေက်ာင္းသားမ်ားသည္ အစၥေရးကိုဆန႔္က်င္သည့္အေနျဖင့္ အမ္စတာဒမ္ရွိတကၠသိုလ္မ်ားႏွင့္ အစၥေရးအဖြဲ႕အစည္းမ်ားၾကားပူးေပါင္းေဆာင္ရြက္မႈကို ရပ္ဆိုင္းရန္လိုလားလ်က္ရွိသည္။

======

ဂါဇာအရေးအတွက် ဥရောပတွင် ကျောင်းသားများ ဆန္ဒထုတ်ဖော်

မေ ၇
ဥရောပနိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဘယ်ဂျီယံနှင့် နယ်သာလန်တို့တွင် ဂါဇာရှိ အစ္စရေး၏ စစ်ဆင်ရေးကို ကျောင်းသားများမှ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘယ်ဂျီယံနိုင်ငံ Ghent မြို့နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိတက္ကသိုလ်များတွင် စု‌ဝေးဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အမ်စတာဒမ်မြို့လယ်ရှိ အမ်စတာဒမ်တက္ကသိုလ်(UvA) တွင် ရာနှင့်ချီသော ကျောင်းသားများသည် စခန်းချကာ ဆန္ဒထုတ်နေပြီး တက္ကသိုလ်တာဝန်ရှိသူများမှ ကျောင်းသားများအားနေ့ဘက်တွင် ဆန္ဒပြမှုကို ခွင့်ပြုနိုင်သော်လည်း ညပိုင်းအထိဆက်လက်လုပ်ဆောင်ပါက ရဲကို အကြောင်းကြားမည်ဟုဆိုသည်။

ကျောင်းသားများသည် အစ္စရေးကိုဆန့်ကျင်သည့်အနေဖြင့် အမ်စတာဒမ်ရှိတက္ကသိုလ်များနှင့် အစ္စရေးအဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန်လိုလားလျက်ရှိသည်။