တရုတ်အစိုးရက အွန်လိုင်းသတင်းဝက်ဘ်ဆိုက်အချို့ကို ပိတ်ပင်

တရုတ်အစိုးရက နိုင်ငံရေးနဲ့ လူမှုရေးရာသတင်းများ လွှင့်တင်နေတဲ့ အွန်လိုင်းသတင်းဌာနအချို့ကို ပိတ်ပင်လိုက် ကြောင်း သိရပါတယ်။ Sina၊ Sohu၊ NetEase နဲ့ iFeng အပါအဝင် တရုတ်နိုင်ငံမှ အကြီးမားဆုံး အွန်လိုင်း သတင်းလုပ်ငန်းအချို့ရဲ့ သတင်းများ လွတ်လပ်စွာဖော်ပြမှုကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

13626402_1210426515655011_4462662705435074321_n

အဆိုပါ သတင်းဝက်ဘ်ဆိုက်များက သတင်းကျင့်ဝတ်များကို ဆိုးရွားစွာ ဖောက်ဖျက်ခဲ့ကြောင်း တရုတ်အာဏာပိုင် တွေက ဆိုပါတယ်။ တရုတ်အစိုးရက လတ်တလော နှစ်များအတွင်း အွန်လိုင်း ဆက်သွယ်မှုများပေါ် ထိန်းချုပ်မှု တင်းကျပ်လာခဲ့ကြောင်း ဝေဖန်မှုတွေ ယခင်ကတည်းက ရှိနေခဲ့ ပါတယ်။

တရုတ် အွန်လိုင်းသတင်းဝက်ဘ်ဆိုက်အများစုမှာ နိုင်ငံရေး သို့မဟုတ် လူမှုရေးရာသတင်းများကို ၎င်းတို့ကိုယ်တိုင် ရယူဖော်ပြလေ့ရှိပြီး ဆင်ဟွာကဲ့သို့ အစိုးရသတင်းမီဒီယာတွေက ထုတ်ပြန်တဲ့ သတင်းတွေကို အားကိုးလေ့ မရှိကြောင်း သိရပါတယ်။

တရုတ်သတင်းဌာန အများအပြားက သတင်းထောက်လှမ်းရေးသားနိုင်တဲ့ ဂျာနယ်လစ်များ ငှားရမ်းပြီး စိတ်ဝင် စားဖွယ် ကိုယ်ပိုင်သတင်းများဖြင့် စာဖတ်ပရိသတ်ကို ဆွဲဆောင်ကာ ဝင်ငွေရရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံမှ အဓိက အွန်လိုင်းသတင်း ဝက်ဘ်ဆိုက်များဖြစ်တဲ့ Sina သတင်း ဌာနရဲ့ News Geek၊ Sohu ရဲ့ Click Today နဲ့ NetEase ရဲ့ Signpost တို့ကို ပိတ်ပင်ထားကြောင်း သိရပါတယ်။

အဆိုပါသတင်းဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ခဲ့တဲ့အပြင် ၎င်းတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ ကိုလည်း အစိုးရ ကပိတ်ပင်လိုက်ကြောင်း Beijing Daily နဲ့ Beijing News သတင်းဖော်ပြပါတယ်။ ပိတ်ပင်ခံရတဲ့ သတင်း ဝက်ဘ်ဆိုက်တွေက သတင်းကျင့်ဝတ်ဖောက်ဖျက်ပြီး သတင်းအများအပြား ထုတ်လွှင့်ခဲ့မှုကြောင့် ဒဏ်ရိုက်ခံရနိုင် ကြောင်းလည်း သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက သတင်းများဖော်ပြမှုနဲ့ပတ်သက်ပြီး တင်းကျပ်စွာ စိစစ်ထိန်းချုပ်ထားပါတယ်။ တရုတ် အစိုးရက ဆိုက်ဘာရဲတပ်ဖွဲ့ဝင် ထောင်နဲ့ချီခန့်ထားပြီး ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာကို စောင့်ကြည့်ကာ နိုင်ငံရေးနဲ့ လူမှုရေးရာ အကြောင်းအရာတွေကို စိစစ်ဖယ်ရှားလေ့ရှိပါတယ်။

တရုတ်သမ္မတရှီကျင်ပင်းက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း အစိုးရသတင်းဌာနတွေကို သွားရောက်ခဲ့စဉ် ဂျာနယ် လစ်တွေအနေနဲ့ ကွန်မြူနစ်ပါတီကို အပြည့်အဝ သစ္စာရှိရမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source & Photo: BBC


Leave a Reply