“အစိုးရမဟုတ်၍ အာဏာမရှိသော်လည်း စည်းရုံးနိုင်သောအစွမ်းဖြင့် ရှေ့ဆက်နိုင်၊ စည်းရုံးရေးကို အဓိကထား လုပ်ဆောင်ကြရန်” ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

“ရွေးချယ်ပွဲ အခမ်းအနား အေးချမ်းစွာပြီးသွားသည်ကို ဝမ်းမြောက်ကြောင်းနှင့် ပါတီဝင်များအား အမှာစကား အနည်းငယ် ပြောကြားလိုကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ မူဝါဒလမ်းစဉ်များကို ယုံကြည်၍ ပါတီဝင်ဖြစ်လာကြသူများ ဖြစ်ကြောင်း၊ ယုံကြည်ချက်တူသူများဖြင့် ပါတီကို ဖွဲ့စည်းခဲ့ကြောင်း၊

ပါတီဝင်တိုင်း မတူညီသောစွမ်းရည် ကိုယ်စီ ရှိကြောင်း၊ ယုံကြည်မှုနှင့် စုစည်းမှု ကို ထိန်းသိမ်းထားကြရန်၊ ယုံကြည်မှုပျောက်လျှင် ပါတီဝင် မဟုတ်တော့ ကြောင်း၊ ယုံကြည်မှုသည် အရေးကြီးကြောင်း၊ စုစုစည်းစည်း ညီညီညွတ်ညွတ် နှင့် လိုက်ပါဆောင်ရွက်ကြရန်၊

အစိုးရမဟုတ်၍ အာဏာမရှိသော်လည်း စည်းရုံးနိုင်သောအစွမ်းဖြင့် ရှေ့ဆက် နိုင်ကြောင်း၊ စည်းရုံးရေးကို အဓိကထား လုပ်ဆောင်ကြရန်၊ ပါတီတွင်း၌လည်း စည်းရုံးမှုမပျက်ကြရန်၊ ၅၁ သန်းသော လူဦးရေကို ကိုယ်စားပြုထားသော ပါတီမရှိကြောင်း၊ ပတ်ဝန်းကျင်တွင်ရှိသော ပြည်သူများကို ထိခိုက်သော အပြုအမူများမလုပ်ကြရန်၊ ပါတီတွင်း စည်းရုံးမှုရှိမှ အင်အားဖြစ်လာမှာ ဖြစ်ကြောင်း၊

အန္တိမရည်မှန်းချက်မှာ တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ကြောင်း၊ စီးပွားရေးအခြေခံ မကောင်းလျှင် နိုင်ငံရေးပျက်မည်ဖြစ်ကြောင်း၊ လက်တွေ့ပြည်သူ့အကျိုးကို လုပ်ခဲ့ကြကြောင်း၊ ပြည်သူများ သိမြင်လာအောင် လည်း လုပ်ကြရန်လိုကြောင်း၊ စုပေါင်းလုပ်ဆောင်မှ အောင်မြင်မည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ဇူလိုင်လ (၂၄) ရက်က ကျင်းပပြုလုပ်သော ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေး နှင့် ခရိုငကော်မတီဝင်များ ပြန်လည်ရွေးချယ်ပွဲတွင် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။


Leave a Reply