ငပုတောမြို့နယ် ချောင်းဝကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ချောင်းဝကျေးရွာအုပ်စု မင်းကွန်းကျောင်းတိုက် ဓမ္မာရုံ၌ ဒီဇင်ဘာ (၁၂) ရက် နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် (ငပုတော မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ) ဒေါက်တာစိုးသိမ်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်ဆိုင်ရာဆွေးနွေးခြင်းနှင့် ဒေသခံပြည်သူများမှ ဒေသဖွံဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ငပုတောမြို့နယ် အတွင်းရေးမှူး ဦးသိန်းဝင်း နှင် မြို့နယ်ကော်မတီဝင် ဦးမိုးကျော်သူ၊ ရပ်ကျေးစည်းမှူး ဦးအုန်းမြင့် တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဒေါ်လင်းလင်းထိုက် ချောင်းဝကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ဒုခေါင်းဆောင် မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။


Leave a Reply