ေတာင္ကိုရီးယားနိုင္ငံမွ ျမန္မာအပါအဝင္ နိုင္ငံျခားလုပ္သား ၃၅,ဝဝဝ ေက်ာ္ ေခၚယူမည္

ေမ ၈

ေတာင္ကိုရီးယားနိုင္ငံမွ ၂၀၂၄ ခုႏွစ္အတြက္ ဒုတိယအႀကိမ္အျဖစ္ ျမန္မာအပါအဝင္ နိုင္ငံျခားသားလုပ္သား ၃၅,၀၀၀ ေက်ာ္ကို ထပ္မံေခၚယူသြားမယ္လို အဆိုပါနိုင္ငံရွိ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနမွ သိရပါတယ္။

EPS စနစ္ျဖင့္ အက်ဳံးဝင္ကုန္ထုတ္လုပ္ငန္းအတြက္ လူဦးေရ ၂၅,၉၀၆ ဦး၊ စိုက္ပ်ိဳးႏွင့္ေမြးျမဴေရးလုပ္ငန္းအတြက္ လူဦးေရ ၄,၉၅၅ ဦး၊ ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ လူဦးေရ ၂,၀၅၆ ဦးႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ လူဦးေရ ၄,၄၉၀ ဦးတိုကို ေခၚယူသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ သေဘၤာက်င္းလုပ္ငန္းမ်ားအတြက္ လူဦးေရ ၁,၈၂၄ ဦးႏွင့္ ေရလုပ္ငန္း အတြက္ လူဦးေရ ၂,၈၄၉ ဦး တိုကိုလည္း ထပ္မံေခၚယူသြားမွာျဖစ္ပါတယ္။

ေတာင္ကိုရီးယားနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံမွ EPS လုပ္သားမ်ားကို ယခင္ထက္ တိုးျမႇင့္ေခၚယူလ်က္ရွိေနၿပီး တရားဝင္ေရာက္ရွိလုပ္ကိုင္ေနသူ လူဦးေရ ၇၀,၀၀၀ ေက်ာ္ရွိၿပီျဖစ္ပါတယ္။

အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနရဲ့ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီမွ ကိုရီးယားသမၼတနိုင္ငံသို႔ EPS စနစ္ျဖင့္ လုပ္သားမ်ားေစလႊတ္လ်က္ရွိရာ ၂၀၂၃ ခုႏွစ္တြင္ ကုန္ထုတ္လုပ္ငန္း၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသို လူဦးေရ ၁၀,၆၁၁ ဦး ေစလႊတ္ထားတာျဖစ္ပါတယ္။

ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အစိုးရ၊ အလုပ္သမားဝန္ႀကီးဌာနႏွင့္ ကိုရီးယားသမၼတနိုင္ငံ၊ အလုပ္အကိုင္ ႏွင့္ အလုပ္သမားဝန္ႀကီးဌာနတို႔သည္ အမွတ္ေပးစနစ္ျဖင့္ နိုင္ငံျခားသား အလုပ္သမားမ်ားခန႔္ထားမႈစနစ္ (Point System for Recruitment of Foreign Workers)ကို ျမန္မာနိုင္ငံ၌ ၂၀၁၆ ခုႏွစ္မွ စတင္ေဆာင္ရြက္ခဲ့ေၾကာင္း သိရွိရပါတယ္။

======

တောင်ကိုရီးယားနိုင်ငံမှ မြန်မာအပါအဝင် နိုင်ငံခြားလုပ်သား ၃၅,ဝဝဝ ကျော် ခေါ်ယူမည်

မေ ၈
တောင်ကိုရီးယားနိုင်ငံမှ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ်အဖြစ် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော်ကို ထပ်မံခေါ်ယူသွားမယ်လို အဆိုပါနိုင်ငံရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရပါတယ်။

EPS စနစ်ဖြင့် အကျုံးဝင်ကုန်ထုတ်လုပ်ငန်းအတွက် လူဦးရေ ၂၅,၉၀၆ ဦး၊ စိုက်ပျိုးနှင့်မွေးမြူရေးလုပ်ငန်းအတွက် လူဦးရေ ၄,၉၅၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လူဦးရေ ၂,၀၅၆ ဦးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လူဦးရေ ၄,၄၉၀ ဦးတိုကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်္ဘောကျင်းလုပ်ငန်းများအတွက် လူဦးရေ ၁,၈၂၄ ဦးနှင့် ရေလုပ်ငန်း အတွက် လူဦးရေ ၂,၈၄၉ ဦး တိုကိုလည်း ထပ်မံခေါ်ယူသွားမှာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ EPS လုပ်သားများကို ယခင်ထက် တိုးမြှင့်ခေါ်ယူလျက်ရှိနေပြီး တရားဝင်ရောက်ရှိလုပ်ကိုင်နေသူ လူဦးရေ ၇၀,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို လူဦးရေ ၁၀,၆၁၁ ဦး စေလွှတ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင် နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။