တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ခြေစစ်ပွဲအဆင့်က ဝင်ပြိုင်မည်

၂၀၂၀ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲကို မြန်မာအိုလံပစ် အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေ ခြေစစ်ပွဲ အဆင့်က စတင်ဝင်ရောက်ယှဉ်ပြိုင် ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားအိုလံပစ်အသင်းအနေနဲ့ AFC U23 Championship ခြေစစ်ပွဲကို ၂၀၁၉ မတ်လမှာ အရင် ဝင်ရောက် ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက နောက်ဆုံးအဆင့် ပွဲစဉ်တွေ တက်ရောက်ကစားရမှာ ဖြစ်ပါတယ်။

အဲဒီ AFC U23 နောက်ဆုံးအဆင့်ပွဲစဉ်တွေ ကစားပြီးပါက ချန်ပီယံအသင်း၊ ဒုတိယဆုရ အသင်း၊ တတိယဆုရ အသင်းတွေနဲ့ အိမ်ရှင် ဂျပန်အသင်းတို့ဟာ တိုကျိုအိုလံပစ် ၂၀၂၀ ဘောလုံးပွဲစဉ်တွေကို အလိုအလျောက် ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

အမျိုးသမီးအသင်းကတော့ ပထမအဆင့်ခြေစစ်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲနဲ့ နောက်ဆုံးအဆင့် ခြေစစ်ပွဲဆိုပြီး အဆင့်သုံးဆင့်ခွဲ ကျင်းပမှာဖြစ်ပြီး နောက်ဆုံးအဆင့်မှ ပထမနဲ့ ဒုတိယ နှစ်သင်းသာ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။

တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်၂၄ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

(DVB)