အသင္းေဟာင္းဖလူမီနီးစ္အသင္းက သီယာဂိုေဆးလ္ဗားကို ျပန္လည္ေခၚယူ

(အားကစား) ေမ ၈

ဘရာဇီးလ္ကလပ္ ဖလူမီနီးစ္အသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ့ဗဟိုေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူနိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းရဲ့တရားဝင္စာမ်က္ႏွာကေန ေၾကညာသြားခဲ့ၿပီျဖစ္ပါတယ္။ ဖလူမီနီးစ္အသင္းဟာ သီယာဂိုေဆးလ္ဗားရဲ့ ငယ္ဘ၀ကလပ္အသင္းျဖစ္ၿပီး ၂၀၀၆ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အတြင္းမွာ ၁၄၃ ပြဲအထိ ကစားေပးခဲ့ဖူးပါတယ္။

သီယာဂိုေဆးလ္ဗားဟာ အသက္ (၂၅)ႏွစ္အရြယ္ ၂၀၀၉ ခုႏွစ္တြင္ ေအစီမီလန္အသင္းသို႔ေျပာင္းေရႊ႕ကာ ဥေရာပေဘာလုံးရပ္၀န္းဆီ စတင္ေျခခ်ခဲ့ၿပီး PSG၊ ခ်ယ္လ္ဆီးအသင္းမ်ားႏွင့္အတူ ေအာင္ျမင္မႈမ်ားစြာရယူနိုင္ခဲ့သူျဖစ္ပါတယ္။

အသက္၃၉ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ သီယာဂိုေဆးလ္ဗားဟာ ၂၀၂၀ ခုႏွစ္ေႏြရာသီကမွ ခ်ဲလ္ဆီးထံကို ေရာက္လာခဲ့တာျဖစ္ၿပီး ပထမဆုံးရာသီမွာပဲ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးနိုင္ခဲ့သူလည္းျဖစ္ပါတယ္။

=======

အသင်းဟောင်းဖလူမီနီးစ်အသင်းက သီယာဂိုဆေးလ်ဗားကို ပြန်လည်ခေါ်ယူ

(အားကစား) မေ ၈

ဘရာဇီးလ်ကလပ် ဖလူမီနီးစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင်စာမျက်နှာကနေ ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ ဖလူမီနီးစ်အသင်းဟာ သီယာဂိုဆေးလ်ဗားရဲ့ ငယ်ဘ၀ကလပ်အသင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ၁၄၃ ပွဲအထိ ကစားပေးခဲ့ဖူးပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အသက် (၂၅)နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် အေစီမီလန်အသင်းသို့ပြောင်းရွှေ့ကာ ဥရောပဘောလုံးရပ်၀န်းဆီ စတင်ခြေချခဲ့ပြီး PSG၊ ချယ်လ်ဆီးအသင်းများနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။

အသက်၃၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ်နွေရာသီကမှ ချဲလ်ဆီးထံကို ရောက်လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။