ရိုးမားအသင်း နည်းပြဖြစ်လာတဲ့ ရေနီယာရီ

အီတလီကလပ် ရိုးမားအသင်းက နည်းပြသစ်အဖြစ် ကလောဒီယို ရေနီယာရီကို ခန့်အပ်လိုက်ပါတယ်။ ရိုးမားက နည်းပြ ရေနီယာရီကို ဒီနှစ်ဘောလုံးရာမကုန်ခင်အထိ ခေါ်ယူထားတာပါ။ ရိုးမားက နည်းပြ ဒီဖရန်ဆက်စကိုကို ထုတ်ပယ်ပြီးနောက် အစားထိုးလိုက်တာပါ။

အသက် ၆၇ နှစ်အရွယ် ရေနီယာရီဟာ ဖူလ်ဟမ်မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး ရလဒ်တွေ မကောင်းတဲ့အတွက် အထုတ်ခံခဲ့ရပါတယ်။ သူဟာ လက်စတာ၊ မိုနာကို၊ ဂျုဗင်တပ်၊ ချဲလ်ဆီး၊ အင်တာမီလန် စတဲ့ ကလပ်တွေမှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားအသင်း မှာလည်း ၁ ရာသီကျော် တာဝန်ယူခဲ့ဖူးပါတယ်။

-Ref:Skysports