မော်ရင်ဟို စပိန်တွင် အခွန်ရှောင်သဖြင့် ထောင်ဒဏ် ၁ နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချခံထားရ

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို စပိန်နိုင်ငံမှာ အခွန်ရှောင်တိမ်းမှုကြောင့် ထောင်ဒဏ် ၁ နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

မော်ရင်ဟိုအနေနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က သူ့ရဲ့ ပုံရိပ်အသုံးပြူမှုတွေကနေ ရရှိတဲ့ ဝင်ငွေ ပေါင် ၂ ဒသမ ၉ သန်းအပေါ်မှာ အခွန်ရှောင်တိမ်းခဲ့တာကြောင့် ၂ နှစ်စာအတွက် ၁ နှစ်ကို ၆ လနဲ့ ၁ နှစ်ထောင်ဒဏ် ချမှတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ စပိန်နိုင်ငံမှာ ပထမဆုံးအကြိမ် ထောင်ဒဏ် ပြစ်ဒဏ်ကျတဲ့သူတွေ အနေနဲ့ ၂ နှစ်ထက် နည်းမယ်ဆိုရင် ထောင်ထဲမှာ မဝင်လို့ရတယ်လို့ ဆိုပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒဏ်ကြေးငွေပေးဆောင်ရမှာဖြစ်ပြီး ရှောင်တိမ်းထားတဲ့ ဝင်ငွေ ပေါင် ၂ ဒသမ ၉ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၁ ဒသမ ၈ သန်း ပေးရမယ်လို့ သိရပါတယ်။ စပိန်ကလာတဲ့ အသင်းတွေအရ နည်းပြမော်ရင်ဟိုအနေနဲ့ ထောင်ပြစ်ဒဏ်တွေအတွက် လက်ခံခဲ့တယ်လို့ ဆိုပါတယ်။  

90Minutes