ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္ တတိယအႀကိမ္ေျမာက္ ထမနဲထိုးၿပိဳင္ပြဲသို႔ ပါတီဥကၠ႒ ဦးခင္ရီတက္ေရာက္ခ်ီးျမႇင့္

 

မတ္ ၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔ နံနက္ ၀၈:၃၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ သင္တန္းေက်ာင္းကားရပ္နားကြင္းတြင္ က်င္းပျပဳလုပ္ေသာ တတိယအႀကိမ္ေျမာက္ ထမနဲထိုးၿပိဳင္ပြဲသို႔ တက္ေရာက္ခ်ီးျမႇင့္ခဲ့ပါသည္။
တတိယအႀကိမ္ေျမာက္ ထမနဲထိုးၿပိဳင္ပြဲကို အသင္းေပါင္း ၁၀ သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲအဖြင့္တြင္ ပါတီဥကၠ႒မွ ၿပိဳင္ပြဲဝင္အသင္းမ်ားႏွင့္ မိသားစုဝင္မ်ားအား အမွာစကားေျပာၾကားခဲ့ရာ ” ထမနဲထိုးၿပိဳင္ပြဲကို က်င္းပျပဳလုပ္ရျခင္းမွာ ရိုးရာ၊ ဓေလ့၊ ထုံးတမ္း၊ အစဥ္အလာ၊ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္တာလည္းျဖစ္သလို၊ မိသားစုဝင္မ်ား ခ်စ္ခင္ရင္းႏွီး စည္းလုံးညီညြတ္စြာျဖင့္ ေအာင္ျမင္ေပ်ာ္ရႊင္ေစလိုသ​ော ဆႏၵေၾကာင္း က်င္းပရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ပါတီအေနျဖင့္ ေရတိုေရရွည္အစီအစဥ္မ်ား ခ်မွတ္ေဆာင္ရြက္မႈႏွင့္ ျပည္သူလူထု၏ဘဝအနာဂတ္မ်ား ပိုမိုေတာက္ပေစဖို႔ ​ေမၽွာ္မွန္းခ်က္ထား၍ လုပ္ေဆာင္ေနေၾကာင္း ” အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ ပါတီဥကၠ႒ႏွင့္အဖြဲ႕သည္ ၿပိဳင္ပြဲဝင္အသင္းမ်ား၏ ယွဥ္ၿပိဳင္မႈ၊ မိသားစုဝင္မ်ား၏ မိမိတို႔အသင္းမ်ားအေပၚ စည္းစည္းလုံးလုံးျဖင့္ အားေပးေနမႈမ်ားအား လိုက္လံၾကည့္ရႈအားေပးခဲ့ၾကပါသည္။ ထို႔ေနာက္ ဒိုင္အဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖင့္ ပထမဆု၊ ဒုတိယ၊ တတိယဆုႏွင့္ ႏွစ္သိမ့္ဆုအသီးသီးရရွိေသာ အသင္းမ်ားအား ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္ေပးခဲ့ၿပီး ထမနဲထိုးၿပိဳင္ပြဲကို နံနက္ ၁၀:၀၀ နာရီအခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။
တတိယအႀကိမ္ေျမာက္ထမနဲထိုးၿပိဳင္ပြဲသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ၿပိဳင္ပြဲဝင္အသင္းမ်ား၊ ပါတီဌာနခ်ဳပ္ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ား၊ ​ရြ​ွေဧည့္သည္အဖြ​ဲ့မ်ား တက္ေရာက္ခဲ့ၾကပါသည္။

========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီတက်ရောက်ချီးမြှင့်

မတ် ၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့နှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်းကားရပ်နားကွင်းတွင် ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို အသင်းပေါင်း ၁၀ သင်းပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအဖွင့်တွင် ပါတီဥက္ကဋ္ဌမှ ပြိုင်ပွဲဝင်အသင်းများနှင့် မိသားစုဝင်များအား အမှာစကားပြောကြားခဲ့ရာ ” ထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းမှာ ရိုးရာ၊ ဓလေ့၊ ထုံးတမ်း၊ အစဥ်အလာ၊ ယဥ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တာလည်းဖြစ်သလို၊ မိသားစုဝင်များ ချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်ပျော်ရွှင်စေလိုသ​ော ဆန္ဒကြောင်း ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် ရေတိုရေရှည်အစီအစဥ်များ ချမှတ်ဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ဘဝအနာဂတ်များ ပိုမိုတောက်ပစေဖို့ ​မျှော်မှန်းချက်ထား၍ လုပ်ဆောင်နေကြောင်း ” အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများ၏ ယှဥ်ပြိုင်မှု၊ မိသားစုဝင်များ၏ မိမိတို့အသင်းများအပေါ် စည်းစည်းလုံးလုံးဖြင့် အားပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ ထို့နောက် ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုအသီးသီးရရှိသော အသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး ထမနဲထိုးပြိုင်ပွဲကို နံနက် ၁၀:၀၀ နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
တတိယအကြိမ်မြောက်ထမနဲထိုးပြိုင်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ​ရွ​ှေဧည့်သည်အဖွ​ဲ့များ တက်ရောက်ခဲ့ကြပါသည်။