ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ video conferencing ဖြင့် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂၅ မြို့နယ်နှင့် လပတ်အစည်းအဝေးပြုလုပ်

 

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်း/ခရိုင်/မြို့နယ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၅) ရက် နံနက် (၁၀) နာရီတွင် တိုင်းအထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းပါတီ အတွင်းရေးမှူး
ဦးဆန်းညွန့်အောင်နှင့် တိုင်းကော်မတီဝင်များ/အရံကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများ တက်ရောက် ခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ video conferencing မှ အမှာစကားပြောကြားခြင်း၊ တိုင်းပါတီဥက္ကဌ၊ တိုင်းပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ၅ ခရိုင်မှ ပါတီဥက္ကဌများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဥက္ကဌများနှင့်အတူ ဘူးလက်ဂျာနယ်မှ ဦးလှဆွေတို့မှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်း အဝေးကို ခေတ္တရပ်နားခဲ့ပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးကို နေ့လည် (၁) နာရီတွင် ပြန်လည် စတင်ခဲ့ရာ တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် အတွင်းရေးမှူး ဦးဆန်းညွန့်အောင်တို့မှ အမှာစကား ပြောကြားခြင်း၊ ၂၅ မြို့နယ် ပါတီဥက္ကဌများမှ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တိုင်းပါတီဥက္ကဌမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။