အလုံခရိုင်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

အလုံ  နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ် သဘာဝဓမ္မကျောင်းတိုက်သို့ ပို့ဆောင်၍ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်

 ရှေးဦးစွာ နမောတဿသုံးကြိမ်ရွက်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သဘာဝဓမ္မကျောင်းတိုက်ဆရာတော်မှ ထိန်သက်န်း လှုဒါန်းရခြင်း၏ အကျိုးကျေးဇူးများ သီလပေးတရားတော် ဟောကြားခဲ့ပါသည်။

ထို့နောက် ဆရာတော်အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဌ ဦးဇော်မင်းဦးနှင့် ခရိုင်ကော်မတီဝင်များ အလုံခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ကော်မတီဝင်များ ပါတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်