လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မဟာဘုံကထိန်ပွဲအား စည်ကားသိုက်မြိုက်စွာ ပြုလုပ်

နိုဝင်ဘာ ၇၊ လှည်းကူး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြုလုပ်သော စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ၇-၁၁-၂၀၂၂ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ပဒေသာပင်များအား ခရိုင်နယ်မြေအတွင်းလှည့်လည်၍ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်းခဲ့ပါသည်။

မဟာဘုံကထိန် ပဒေသာပင်များ၏ စုစုပေါင်းအလှူတော်တန်ဖိုးမှာ (၂၅၀)သိန်းကျပ်ဖြစ်ပြီး ယာဉ်အစီးရေ (၇၀)ကျော်၊ ပဒေသာပင်များအား လိုက်ပါပို့ဆောင်သည့် ပြည်သူများမှာ အင်အား(၂၀၀၀)ကျော်ခန့်ဖြစ်ကာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ရှမ်းဝိုင်းများဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။