ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းသပိတ်လုံးများ ကုသိုလ်ပြုလောင်းလှူ

မန္တလေး နိုဝင်ဘာ ၇

၇-၁၁-၂၀၂၂ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅:၃၀ နာရီအချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မိတ္ထီလာမြို့ သဓ္ဓမ္မဝံသစာသင်တိုက်အတွင်းရှိ နဂါးရုံစေတီတော်မြတ်ကြီး မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်ကြည်ညို လှူဒါန်းခဲ့ပါသည်။

ထိုသို့လှူဒါန်းရာတွင် ဆွမ်းသပိတ်တစ်လုံးလျင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ၅ လုံး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း မိသားစုမှ ၄ လုံး၊ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး မိသားစုမှ ၄ လုံး၊ မိတ္ထီလာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၈လုံး၊ မတ္ထီလာခရိုင်ပါတီ အတွင်းရေးမှုး ဦးရဲထွန်းနိူင် မိသားစုမှ ၄ လုံး၊ စုစုပေါင်းဆွမ်းသပိတ်လုံး၂၅ လုံး လောင်းလှူခဲ့ပါသည်။

ထိုသို့လောင်းလှူရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ မိတ္ထီလာခရိုင်/မြို့နယ်မှ ပါတီကော်မတီဝင်များ၊ ပါတီဝင်များက တက်ရောက်ကြည်ညို လောင်းလှူခဲ့ကြောင်းသိရှိရသည်။