ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖ ရပ်မိရပ်ဖ များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံ

နိုဝင်ဘာ ၆၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၆-၁၁-၂၀၂၂ ရက်နေ့တွင် တိုင်းဒေသကြီးပါတီရုံးခန်းမ၌ နေ့လည် ၁၃:၀၀ နာရီအချိန်မှ ၁၅:၃၀ နာရီအချိန်ထိ ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များအပါအဝင် အင်အား (၆၀)  နှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ” နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ ​ဒေသအတွင်း ဆောင်ရွက်ရန် အခြေအနေများ၊ ပြည်သူ့အကျိုးအတွက် အတူတကွ ဆောင်ရွက်ရန်ကိစ္စများ ” အား ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။

တက်ရောက်လာသူများမှ ပါတီ၏ဆောင်ရွက်ဆဲလုပ်ငန်းများအပေါ် အပြုသဘောဖြင့် ဝေဖန်ထောက်ပြခြင်း၊ ကူညီဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအား အကြံပြုခြင်း၊ ရွေးကောက်ပွဲဆောင်ရွက်ချိန်တွင် အောင်မြင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။