ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပုသိမ်မြို့အခြေစိုက် နိုင်ငံရေးပါတီအချို့ တွေ့ဆုံ

နိုဝင်ဘာ ၆၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၃:၀၀ အချိန်မှ ညနေ ၁၆:၀၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ပြုလုပ်သော ပုသိမ်မြို့အခြေစိုက် နိုင်ငံ​ရေး ပါတီအချို့နှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နှင့် တက်​ရောက်လာသ​ော ပါတီအချို့မှ ” လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR စနစ်နှင့် ပတ်သက်သည့်အကြောင်းအရာများ ” အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ​ရေးပါတီအချို့  စုစုပေါင်းအင်အား (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။