မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID -19 ကာလတွင် အခက်အခဲရှိသော အိမ်ထောင်စု ၁၄ဝ အတွက် ဆန်နှင့်ကြက်ဥများ လှူဒါန်း

 

ရန်ကုန် သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြန်မာစာပါမောက္ခ ဒေါက်တာရွှေပြည်စိုး၊ ဦးကျော်စွာ တိုးမြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အမှတ် (၂) ရပ်ကွက် မေတ္တာရပ်ကွက်အတွင်း ရှိCOVID -19 ကာလအခက်အခဲရှိ မိဘပြည်သူများအား ဆန်နှင့် ကြက်ဥများ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းရာ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောထွန်း နှင့် မေတ္တာရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စေတနာရှေ့ထား ပေါင်းစပ် ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)