အောင်မြေသာစံမြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေစည်းမှူးများ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် ရပ်ကွက်စည်းရုံး ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုလေးမှ လစ်လပ်မြို့နယ်ပါတီ ကော်မတီဝင် ဖြည့်ဆည်း ဆောင်ရွက်ထားမှုအခြေအနေများ၊ ပါတီရှေ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မည်သည့်နေရာ မည်သည့်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်စေ အရင်းခံစိတ်ဓါတ် စေတနာဖြင့် စွမ်းဆောင်ကြရန်၊ အားလုံး တညီတညွတ်တည်းေ ပါင်းစည်းပြီးဆောင်ရွက်ရန်၊ စည်းလုံးမှုရှိပါက ပါတီပုံရိပ်တက်မည်ဖြစ်ပြီး စည်းလုံးမှုမရှိပါက ပါတီပုံရိပ် ကျနိုင်ကြောင်း၊ အောက်ခြေအဆင့်မပါဝင်ဘဲ ဘာမျှလုပ်၍မရကြောင်း စသည်ဖြင့် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

# Dawsaw Shwe


Leave a Reply