ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပြည်ထောင်စုနယ်မြေ ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများတွေ့ဆုံ

မတ် ၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ၁-၃-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ထိ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေအတွင်းမှ ပါတီအဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အချက်အလက် ကိစ္စရပ်များ၊ ​ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသည့် မြို့နယ်၊ ခရိုင်၊ ပြည်ထောင်စုနယ်မြေ ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေ၊ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေနှင့် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင် ၄ ခရိုင်မှ ပါတီကော်မတီဝင်များ၊ မြို့နယ် ၈ မြို့နယ် မှ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။