တပ်မတော်နယ်လှည့်ဆေးကုသရေးဆောင်ရွက်မှုအား ဝိုင်းဝန်းကူညီ

မိုင်းဖြတ် မတ် ၁

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကော်မတီ၀င် ဦးညွန့်၀င်း၊ တာချီလိတ်ခရိုင် ကော်မတီ၀င်စိုင်းရီတစ်၊  မိုင်းဖြတ်မြို့နယ်ပါတီ၊ အတွင်းရေးမှူး ဒေါ်ပြည့်ပြည့်စုံ၊ ကော်မတီအဖွဲ့၀င် ဦးနန်လုံးခမ်း၊ ဒေါ်စလွန်မေ၊ ဒေါ်ရာခေလှနှင့် မိုင်းဖြတ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဆေးနော်နှင့် အသင်းသားများသည် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်၏ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိုင်းဖြတ်မြို့နယ်၊ ဘိုရှီးကျေးရွာ ဒေသခံတိုင်ရင်းသားများဆေးကုသပေးသည့်ရာသို့ သွားရောက်ကာ ဆေးကုသသည့်အထူးကုဆရာ၀န်များကို လိုက်ပါကူညီကာ လုပ်အားပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။