ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ရန်လင်းဖိုင်အမကတွင် ဗလာစာအုပ်များလှူဒါန်း ဝါဆိုသင်္ကန်းဆက်ကပ် ကျောင်းဝင်းသန့်ရှင်းရေးလုပ်အားပေး

 

တမူး စက်တင်ဘာ၂၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တမူးခရိုင်မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ သည် ယမန်နေ့က တမူးမြို့နယ် ရန်လင်းဖိုင်အမကတွင် ဗလာ စာအုပ်လှူဒါန်းခြင်း၊ထင်းဇင်ကျေးရွာဆရာတော်အားဝါဆိုသင်္ကန်း နှင့်နဝကမ္မဆက်ကပ်ခြင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်း ရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကြိုဆိုဂုဏ်ပြုပွဲ သို့ ခရိုင်မြို့နယ်မှအမျိုးသမီးရေးရာတာဝန်ခံများ၊ ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များအင်အား ၇ဝ ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြ ပြီး ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့်ခရိုင်မြို့နယ်မှ ပါတီကော် မတီဝင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)