“ျပည္ခိုင္ၿဖိဳးပါတီဟာ နိုင္ငံ၏လိုအပ္ခ်က္အရ ေပၚေပါက္လာရသည့္ အဖြဲ႕အစည္းႀကီးျဖစ္ေၾကာင္း” ပါတီဥကၠ႒ ဦးခင္ရီေျပာၾကား

 

 

ဇန္နဝါရီ ၃၀၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၂၉ ရက္ေန႔ နံနက္ ၀၉:၄၅ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး သံလြင္လမ္းရွိ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ က်င္းပျပဳလုပ္ေသာ ပါတီဝင္အသစ္ (၁၄၁၃)ဦး၏ အဆိုျပဳလႊာေပးအပ္ပြဲသို႔ တက္ေရာက္ၿပီး အဖြင့္အမွာစကားေျပာၾကားခဲ့သည္။
ေျပာၾကားရာတြင္ ” ပါတီဝင္အသစ္မ်ားအား ယခုလို မိမိတို႔ ပါတီသို႔ ပါတီဝင္မ်ားအျဖစ္ ဝင္ေရာက္လာျခင္းကို ဝမ္းေျမာက္ဝမ္းသာစြာ ႀကိဳဆိုပါေၾကာင္း၊ မိမိတို႔ ျပည္ခိုင္ၿဖိဳးပါတီဟာ ၁၉၉၃ခုႏွစ္၊ အသင္းကာလ မွစ၍ ျမန္မာ့နိုင္ငံေရးလမ္းေၾကာင္းမွာ ထဲထဲဝင္ဝင္ေဆာင္ရြက္ခဲ့တာ ၃၁ ႏွစ္ေက်ာ္ ရွိၿပီး သမိုင္းေနာက္ခံအရ ခိုင္မာေသာအဖြဲ႕အစည္းျဖစ္ေၾကာင္း၊ နိုင္ငံေတာ္၏ လိုအပ္ခ်က္အရ ေပၚေပါက္လာသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္းႏွင့္ ပါတီအေနျဖင့္ လက္ရွိေဆာင္ရြက္ေနသည့္ ေရရွည္ရည္မွန္းခ်က္၊ ေရတို (လတ္တေလာ) ရည္မွန္းခ်က္မ်ားအား ရွင္းလင္းေျပာၾကားကာ ပါတီဝင္ တစ္ဦးလုပ္ေဆာင္ရမည့္တာဝန္မ်ားအား ေဆာင္ရြက္ၾကရန္ တာဝန္ေပးအပ္ေၾကာင္း ” ေျပာၾကားၿပီး ပါတီျဖတ္သန္းခဲ့ေသာ သမိုင္းပုံရိပ္ Video အား ပါတီဝင္အသစ္မ်ားအား ဖြင့္လွစ္ျပသခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီဝင္အသစ္မ်ား၏ အဆိုျပဳလႊာမ်ားအား သက္ဆိုင္ရာ ခရိုင္ပါတီဥကၠ႒မ်ားက ေပးအပ္ရာ ပါတီဥကၠ႒မွ လက္ခံခဲ့ပါသည္။ ထို႔ေနာက္ ပါတီဝင္အသစ္မ်ားထဲမွ ပါတီသို႔ ဝင္ေရာက္ရျခင္းႏွင့္ ၎တို႔သိရွိလိုသည့္ အလုပ္အကိုင္အခြင့္အလမ္း၊ လုံျခဳံေရးကိစၥရပ္မ်ားအား ေမးျမန္းၾကရာ ပါတီဥကၠ႒မွ ျပန္လည္ေျဖၾကားေပးခဲ့ၿပီး တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ကာ ေန႔လည္ ၁၁:၄၅ နာရီအခ်ိန္တြင္ အခမ္းအနားကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီဝင္အသစ္ (၁၄၁၃)ဦး အဆိုျပဳလႊာေပးအပ္ပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကေသာ ရန္ကုန္တိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိင္းေရးမႉး ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ ေဒါက္တာေအာင္ျမတ္ဦး၊ ေဒၚခင္ေရႊျမင့္၊ ေဒၚသိဂႌဝင္းေရႊ၊ ဧရာဝတီတိုင္း ေဒသႀကီး ပါတီဥကၠ႒ ဦးသိန္းထြန္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳနယ္အသီးသီးမွ ပါတီတာဝန္ရွိသူမ်ား၊ ပါတီဝင္အသစ္ (၁၄၁၃)ဦး၊ လာ‌ေရာက္ေလ့လာသူမ်ားျဖင့္ စုစုေပါင္းအင္အား (၁၆၀၀)ဦးေက်ာ္ တက္ေရာက္ခဲ့ၾကပါသည္။

===========

“ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံ၏လိုအပ်ချက်အရ ပေါ်ပေါက်လာရသည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း” ပါတီဥက္ကဋ္ဌ ဦးခင်ရီပြောကြား

ဇန်နဝါရီ ၃၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၀၉:၄၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပပြုလုပ်သော ပါတီဝင်အသစ် (၁၄၁၃)ဦး၏ အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြောကြားရာတွင် ” ပါတီဝင်အသစ်များအား ယခုလို မိမိတို့ ပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုးပါတီဟာ ၁၉၉၃ခုနှစ်၊ အသင်းကာလ မှစ၍ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တာ ၃၁ နှစ်ကျော် ရှိပြီး သမိုင်းနောက်ခံအရ ခိုင်မာသောအဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ပါတီအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ရေရှည်ရည်မှန်းချက်၊ ရေတို (လတ်တလော) ရည်မှန်းချက်များအား ရှင်းလင်းပြောကြားကာ ပါတီဝင် တစ်ဦးလုပ်ဆောင်ရမည့်တာဝန်များအား ဆောင်ရွက်ကြရန် တာဝန်ပေးအပ်ကြောင်း ” ပြောကြားပြီး ပါတီဖြတ်သန်းခဲ့သော သမိုင်းပုံရိပ် Video အား ပါတီဝင်အသစ်များအား ဖွင့်လှစ်ပြသခဲ့ပါသည်။
ဆက်လက်ပြီး ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများအား သက်ဆိုင်ရာ ခရိုင်ပါတီဥက္ကဋ္ဌများက ပေးအပ်ရာ ပါတီဥက္ကဋ္ဌမှ လက်ခံခဲ့ပါသည်။ ထို့နောက် ပါတီဝင်အသစ်များထဲမှ ပါတီသို့ ဝင်ရောက်ရခြင်းနှင့် ၎င်းတို့သိရှိလိုသည့် အလုပ်အကိုင်အခွင့်အလမ်း၊ လုံခြုံရေးကိစ္စရပ်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နေ့လည် ၁၁:၄၅ နာရီအချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီဝင်အသစ် (၁၄၁၃)ဦး အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးမှူး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဧရာဝတီတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တိုင်းဒေသကြီး/ခရိုင်/မြိုနယ်အသီးသီးမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၁၄၁၃)ဦး၊ လာ‌ရောက်လေ့လာသူများဖြင့် စုစုပေါင်းအင်အား (၁၆၀၀)ဦးကျော် တက်ရောက်ခဲ့ကြပါသည်။