လက္ရွိေဘာလုံးေလာကရဲ့ လုပ္ခလစာအမ်ားဆုံးကစားသမားျဖစ္လာတဲ့ စီေရာ္နယ္ဒို

ဇန္နဝါရီ ၃၀

လက္ရွိေဘာလုံးေလာက၌ လုပ္ခလစာအမ်ားဆုံး ကစားသမားစာရင္းတြင္ အယ္နာဆာအသင္း တိုက္စစ္မႉး စီေရာ္နယ္ဒိုသည္ အင္တာမိုင္ယာမီ အသင္းတိုက္စစ္မႉး မက္ဆီကိုေက်ာ္ျဖတ္ၿပီး ထိပ္ဆုံး၌ ရပ္တည္ေနေၾကာင္း သိရပါတယ္။

ယခုေဘာလုံးရာသီတြင္ အယ္နာဆာအသင္း ႏွင့္ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည့္ တိုက္စစ္မႉး စီေရာ္နယ္ဒိုသည္ လက္ရွိ အယ္နာဆာအသင္းတြင္ တစ္ပတ္လုပ္ခလစာ စတာလင္ေပါင္ ၃ ဒသမ ၈ သန္းႏွင့္ တစ္ႏွစ္လုပ္ခလစာ စတာလင္ေပါင္ ၂၀၄ ဒသမ ၉ သန္းအထိရရွိေနသည့္အတြက္ လုပ္ခလစာ အမ်ားဆုံး ကစားသမားစာရင္းတြင္ မက္ဆီကိုေက်ာ္ ျဖတ္ၿပီး ထိပ္ဆုံး၌ ရပ္တည္နိုင္ခဲ့ျခင္းျဖစ္ပါတယ္။

လက္ရွိေဘာလုံးေလာက၏ လုပ္ခလစာအမ်ားဆုံး ရရွိေနတဲ့ ကစားသမားစာရင္းတြင္ အင္တာမိုင္ယာမီ အသင္းတိုက္စစ္မႉးမက္ဆီသည္ တစ္ႏွစ္လုပ္ခလစာ စတာလင္ေပါင္ ၁၀၆ ဒသမ ၄ သန္းျဖင့္ ဒုတိယ ေနရာ၌သာ ရပ္တည္ေနျခင္းျဖစ္ပါတယ္။

လက္ရွိေဘာလုံးေလာက၏ လုပ္ခလစာအမ်ားဆုံး ကစားသမားစာရင္းတြင္ စီေရာ္နယ္ဒိုႏွင့္ မက္ဆီတို႔ ေနာက္၌ အယ္ဟီလယ္အသင္း တိုက္စစ္မႉး ေနမာ က တစ္ႏွစ္လုပ္ခလစာ စတာလင္ေပါင္ ၈၈ ဒသမ ၂ သန္းျဖင့္ အဆင့္(၃)၊ ပီအက္စ္ဂ်ီအသင္း တိုက္စစ္မႉး အမ္ဘတ္ပီက စတာလင္ေပါင္ ၈၆ ဒသမ ၇ သန္းျဖင့္ အဆင့္(၄)၊ အယ္အီတီဟက္အသင္းမွ ဘင္ဇီမာက စတာလင္ေပါင္ ၈၃ ဒသမ ၅ သန္းျဖင့္ အဆင့္(၅)၊ မန္စီးတီးအသင္းမွ ဟာလန္းက စတာလင္ေပါင္ ၄၅ ဒသမ ၇ သန္းျဖင့္ အဆင့္(၆)၊ လီဗာပူးအသင္း မွ ဆာလက္ခ်္က စတာလင္ေပါင္ ၄၁ ဒသမ ၇ သန္းျဖင့္ အဆင့္(၇)၊ အယ္နာဆာအသင္းမွ မာေနး က စတာလင္ေပါင္ ၄၀ ဒသမ ၉ သန္းျဖင့္ အဆင့္ (၈)၊ မန္စီးတီးအသင္းမွ ဒီဘရိုင္းက စတာလင္ေပါင္ ၃၀ ဒသမ ၇ သန္းျဖင့္ အဆင့္(၉)ႏွင့္ ဘိုင္ယန္ျမဴးနစ္ အသင္းမွ ဟယ္ရီကိန္းက စတာလင္ေပါင္ ၂၈ ဒသမ ၃ သန္းျဖင့္ အဆင့္(၁၀) ေနရာ၌ အသီးသီး ရပ္တည္ေနေၾကာင္း သိရပါတယ္။

=========

လက်ရှိဘောလုံးလောကရဲ့ လုပ်ခလစာအများဆုံးကစားသမားဖြစ်လာတဲ့ စီရော်နယ်ဒို

ဇန်နဝါရီ ၃၀

လက်ရှိဘောလုံးလောက၌ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုသည် အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီကိုကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရပါတယ်။

ယခုဘောလုံးရာသီတွင် အယ်နာဆာအသင်း နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့် တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိ အယ်နာဆာအသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃ ဒသမ ၈ သန်းနှင့် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၂၀၄ ဒသမ ၉ သန်းအထိရရှိနေသည့်အတွက် လုပ်ခလစာ အများဆုံး ကစားသမားစာရင်းတွင် မက်ဆီကိုကျော် ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိဘောလုံးလောက၏ လုပ်ခလစာအများဆုံး ရရှိနေတဲ့ ကစားသမားစာရင်းတွင် အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူးမက်ဆီသည် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၁၀၆ ဒသမ ၄ သန်းဖြင့် ဒုတိယ နေရာ၌သာ ရပ်တည်နေခြင်းဖြစ်ပါတယ်။

လက်ရှိဘောလုံးလောက၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ နောက်၌ အယ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာ က တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၈၈ ဒသမ ၂ သန်းဖြင့် အဆင့်(၃)၊ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီက စတာလင်ပေါင် ၈၆ ဒသမ ၇ သန်းဖြင့် အဆင့်(၄)၊ အယ်အီတီဟက်အသင်းမှ ဘင်ဇီမာက စတာလင်ပေါင် ၈၃ ဒသမ ၅ သန်းဖြင့် အဆင့်(၅)၊ မန်စီးတီးအသင်းမှ ဟာလန်းက စတာလင်ပေါင် ၄၅ ဒသမ ၇ သန်းဖြင့် အဆင့်(၆)၊ လီဗာပူးအသင်း မှ ဆာလက်ချ်က စတာလင်ပေါင် ၄၁ ဒသမ ၇ သန်းဖြင့် အဆင့်(၇)၊ အယ်နာဆာအသင်းမှ မာနေး က စတာလင်ပေါင် ၄၀ ဒသမ ၉ သန်းဖြင့် အဆင့် (၈)၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းက စတာလင်ပေါင် ၃၀ ဒသမ ၇ သန်းဖြင့် အဆင့်(၉)နှင့် ဘိုင်ယန်မြူးနစ် အသင်းမှ ဟယ်ရီကိန်းက စတာလင်ပေါင် ၂၈ ဒသမ ၃ သန်းဖြင့် အဆင့်(၁၀) နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရပါတယ်။