မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပမည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပမည့် ၅၄ ကြိမ် မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာယဗလပွဲစဉ် များနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။ မြန်မာကာယဗလအဖွဲ့သည် ကာယဗလပွဲစဉ်များအပြင် ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ကာယဗလပွဲစဉ်များအဖြစ် အမျိုးသား ဂျူနီယာပြိုင်ပွဲ သုံးခု၊ စီနီယာပြိုင်ပွဲ ကိုးခု၊ မာစတာပြိုင်ပွဲ သုံး ခု၊ အမျိုးသမီး စီနီယာပြိုင်ပွဲ တစ်ခု၊ အသက် ၃၀ နှစ်အထက်ပြိုင်ပွဲတစ်ခုတို့ ပါဝင်မည်ဖြစ် ပြီး အမျိုးသားပွဲစဉ် ၁၅ ခုနှင့် အမျိုးသမီးပွဲစဉ် နှစ်ခု ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ကာယကြံ့ခိုင်မှုပြိုင်ပွဲအဖြစ် အမျိုးသား Fitness Physique  ပြိုင်ပွဲနှစ်ခု၊Athletic Physique ပြိုင်ပွဲ ငါးခု၊Sports Physique ပြိုင်ပွဲ လေးခု၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲ သုံးခု၊Athletic Physique ပြိုင်ပွဲ လေးခု၊Sports Physique ပြိုင်ပွဲ သုံးခု၊ Model Physique ပြိုင်ပွဲ ရှစ်ခု ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ထို့ပြင် အမျိုးသား+အမျိုးသမီး Pair ပြိုင်ပွဲ နှင့် မသန်စွမ်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာကာယဗလအဖွဲ့သည် နိုင်ငံတကာပြိုင်ပွဲများနှင့် ကာလအတန်ကြာ ဝေးကွာခဲ့ပြီး ၂၀၂၂ ခုနှစ် မေလက ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတစ်ခု၊ ငွေ နှစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာကာယဗလအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ၇၀ ကီလိုတန်းတွင် ရဲထွန်းနောင်က ဆွတ်ခူးရယူပေးခဲ့ခြင်းဖြစ်သည်။