ဝိန်းရွန်နီ မေဂျာလိဂ် ဒီစီယူနိုက်တက်မန်နေဂျာ ဖြစ်လာ

မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အမေရိကန်မေဂျာလိဂ်အသင်း ဒီစီယူနိုက်တက်က ပြောပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက ဒီစီယူနိုက်မှာ ကစားခဲ့တဲ့ ၃၆ နှစ် အရွယ် ရွန်နီက ဒါဘီကို ၁၇ လကြာကိုင်တွယ်ပြီးတဲ့နောက်မှာ ပြီးခဲတဲ့လက နုတ်ထွက်ခဲ့ပါတယ်။ အဲဒီ ကာလအတွင်းမှာ ဒါဘီက ဘဏ္ဏာရေး အခက်အခဲတွေ ကြုံခဲ့ပြီး တတိယတန်းကို တန်းဆင်းခဲ့ရပါတယ်။

“ဝိန်းက ဘောလုံး ဂန္တဝင်တစ်ဦးဖြစ်ပြီး အလားအလာရှိတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။”လို့ ဒီစီယူနိုက်တက်ရဲ့ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ ဂျေဆင်နဲ့ စတိဗ်ကက်ပလန်တို့က ပြောပါတယ်။ သူက ဒီမှာ ၂ နှစ် ကစားခဲ့တာကြောင့် မိမိတို့ မေဂျာလိဂ်အကြောင်းနဲ့ ဒီမှာ အောင်မြင်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာကို ဝိန်းရွန်နီက နားလည်ကြောင်း သူတို့က ပြောပါတယ်။ လောလောဆယ်မှာတော့ ယာယီနည်းပြ ချက်ဒ် အက်ရှ်တန်က ဒီစီကို ဆက်လက်တာဝန်ယူထားပြီး ရွန်နီက အလုပ်ဗီဇာလျှောက်ထားရပါဦးမယ်။ ရွန်နီရဲ့ နည်းပြအဖွဲ့ကိုလည်း နောက်ပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

-Ref:Skysports