ပီတာချက်ကို နေရာဆက်ပေးသွားမယ်လို့ အမ်မရီအတည်ပြု

အာဆင်နယ်နည်းပြသစ် အမ်မရီက အသင်း၏ ပွဲထွက်ဦးစားပေးဂိုးသမားနေရာနှင့် ပတ်သက်ပြီး ပီတာချက်ကိုသာ နေရာဆက်ပေးသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အမ်မရီရဲ့ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂-၀ နှင့် ရှုံးနိမ့်ခဲ့ရာတွင် ပီတာချက်ကို အသုံးပြုခဲ့ပြီး လီဗာကူဆင်ကနေ ခေါ်ယူထားတဲ့ ဂိုးသမားသစ်လီနိုကို အရန်ခုံထိုင်းခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပီတာချက်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အမ်မရီကတော့ ပီတာချက်ကိုသာ ဆက်လက်အသုံးပြုသွားမယ်လို့ ဆိုလိုက်ပြီး လာမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ နေရာဆက်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပီတာချက်ရဲ့ အတွေ့အကြုံ၊ အရည်အသွေးနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကိုလည်း ယုံကြည်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကို 2-0 နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲချိန်အတွင်မှာ ကောင်းမွန်တဲ့ ဂိုးကာကွယ်မှုတွေကို လက်စွမ်းပြ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ကာကွယ်ပေးခဲ့ပါတယ်။ 

-Ref; Sky sports