စပါးအသင်း၏ အရေးကြီးပွဲစဉ်ကို ဆွန်ဟောင်မင် လွဲချော်ဖွယ်ရှိ

စပါးကွင်းလယ်ကစားသမား ဆွန်ဟောင်မင် သည် နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် ကစားပေးရဖွယ် ရှိနေသောကြောင်း မိခင်ကလပ်၏ အရေးကြီးပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။

လာမည့်လအတွင်း၌ ကျင်းပမည့် အာရှဖလားဘောလုံးပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့သော တောင်ကိုးရီးယား လက်ရွေးစင်အသင်း၏ လူစာရင်းအတွင်း၌ ဆွန်ဟောင်မင် အား ထည့်သွင်း ထားခြင်းကြောင့် ၄င်းသည် စပါး၏ အရေးကြီးပွဲစဉ်ဖြစ်သော ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည့် အင်္ဂလန်လိဂ်ဖလား အကြိုဗိုလ်လုပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ထို့ပြင် ဆွန်ဟောင်မင် သည် ဖူလ်ဟမ်၊ ၀က်ဖို့ဒ် တို့နှင့် ယှဉ်ပြိုင်ကစားမည့် စပါးအသင်း ၏ ပရီးမီးယားလိဂ် ပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်သည်။ အာရှဖလားပွဲစဉ်များကိုလည်း အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ တွင် ဇန်န၀ါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ တောင်ကိုးရီးယားသည် တရုတ်၊ ဖိလစ်ပိုင်၊ ကာဂျီကစ္စတန်တို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ 

-Ref: Fifa.com