ပရိသတ်တွေကို ခရစ္စမတ်ဆုတောင်းစကားဆိုခဲ့တဲ့ အောင်လအန်ဆန်

မကြာခင်မှာ မိသားစုနဲ့ အနားယူချိန်လေး ကုန်ဆုံးတော့မှာဖြစ်ပြီး လေ့ကျင့်ခန်းတွေ  ပြင်းပြင်းထန်ထန် ပြန်လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။

MMA One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံ မြန်မာပြည်ဖွားအောင်လအန်ဆန်က ယနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်မှာ သူ့ရဲ့ ပရိသတ်တွေအတွက် ဆုတောင်းစကား ဆိုလိုက်ပါတယ်။

အဆိုပါ ဆုတောင်းစကားကိုတော့ ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ ဆုတောင်းစာမှာတော့-“ အားလုံးအတွက်ပျော်ရွှင်စရာ Christmas လေးဖြစ်ပါစေ…
သူငယ်ချင်းတို.မိသားစုများအားလုံး မင်္ဂလာရှိပြီး အေးချမ်းသာယာကြပါစေလို. ကျွန်တော်တို.မိသားစုက ဆုတောင်းလိုက် ပါတယ်ဗျာ၊၊ အားလုံးရဲ.ချစ်ခင်မှုတွေနဲ. အားပေးမှုတွေကြောင့် ဒီနှစ်ထဲမှာ အလွန်မင်္ဂလာရှိပြီး အထူးကျေးဇူးတင် ရှိရပါတယ်ဗျာ၊၊ ကျွန်တော့်အတွက်တော့ လာမယ့်ပွဲအတွက် အဆင်သင့်ပြင်ဆင်ဖို. မိသားစုနဲ. နောက်ထပ် တစ်ပတ်လောက်ပဲ အတူကုန်ဆုံးခွင့် ရတော့မယ်ဗျာ၊၊ ကျွန်တော့်ရဲ့  အောင်မြင်မှုတွေ ရှုံးနိမ့်မှုတွေနဲ.  အတူအမြဲရှိနေပေးခဲ.တဲ့ ပရိတ်သတ်ကြီးကို အထူး ကျေးဇူးတင်ပါတယ်ဗျာ၊၊” လို့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်မှာ မြန်မာပြည်မှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒစ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလမှာတော့ ၎င်းရဲ့ ရွှေခါးပတ်ကာကွယ်ပွဲကို ပြန်လည်စီစဉ်သွားမယ်လို့ ပြိုင်ပွဲ ကျင်းပရေး ကအတည်ပြုထားပြီး ပြိုင်ဘက်ကိုတော့ ရွေးချယ်နေတုန်းလို့ သိရပါတယ်။

အဆိုပါ  ရွှေခါးပတ်ကာကွယ်ပွဲကို မြန်မာနိုင်ငံမှာ  ထပ်မံကျင်းပသွားနိုင်ရေးအတွက်လည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

Source- AungLa AnSang facebook  / Duwun sports