ဖရန့်ဖတ်ရဲ့အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်သိန်းချီ ပါဝင်

ဖရန့်ဖတ်အသင်းရဲ့ ပိုကယ်ဖလားအောင်မြင်မှုနဲ့အတူ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးမြို့တော် လမ်းတွေမှာ ပရိသတ်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။

စနေနေ့က ဘာလင်မြို့မှာ ကစားခဲ့တဲ့ ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ၁၉၈၇-၈၈ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပိုကယ် ဖလားကို ပြန်လည်ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အသင်းရဲ့သမိုင်းဝင်အောင်မြင်မှုအတွက် ပျော်မဆုံးဖြစ်နေတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ အသင်းသားတွေနဲ့အတူ မြို့တော်ခန်းမရှေ့မှာ ခုန်ပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

မြို့တော်ခန်းမရှေ့ရောက်ရှိနေတဲ့ ပရိသတ်ဦးရေဟာ အရမ်းများလွန်းတာကြောင့် ကစားသမားတချို့တောင် အသင်းပရိသတ်အားပေးမှုအပေါ် အံ့အားသင့်ခဲ့ရပါတယ်။

-Ref; Sky sports