အနောက်ဘက် ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း သုံးထားတဲ့ Nothing Phone (1) ကို ကြေညာပြီ

OnePlus တည်ထောင်ခဲ့သူ ကားပိုင်း ရဲ့ Nothing ကုမ္ပဏီ ကနေ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်း Nothing Phone (1) သတင်းတွေဟာ လပေါင်းများစွာ သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရားဝင် ကြေညာလိုက်ပါပြီ။

ဒီဇိုင်းအကြောင်း စပြောရရင် Phone (1) ဟာ ဈေးကွက်ထဲက တခြား စမတ်ဖုန်းတွေနဲ့ မတူညီဘဲ ဖုန်း အတွင်းပိုင်း ဟာ့ဒ်ဝဲတွေရဲ့ ဒီဇိုင်းကို မြင်ရအောင် အနောက်ဘက်ကို ဖောက်ထွင်းမြင်ရအောင် ပြုလုပ်ထားပါတယ်။ ထူးခြားတာက ကင်မရာ ၂ လုံးရဲ့ ပတ်လည်မှာ LED ပေါင်း ၉၀၀ ကျော်နဲ့ ဖန်တီးထားတဲ့ LED Ring ပါလာတာပါ။

LED တွေက သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပြီး အားသွင်းထားချိန်မှာ တိုးတက်မှုကို ဖော်ပြပေးမှာပါ။ သင့်ကို ဖုန်းခေါ်တဲ့ လူကိုလည်း သိနိုင်မှာဖြစ်ပြီး App တွေအတွက် Custom Notification Light Pattern တွေပါပါတယ်။ ဖုန်း ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားတဲ့အတွက် တန်ဖိုးကြီး ဖုန်း ဒီဇိုင်းပုံပေါက်ပါတယ်။

၆.၅၅ လက်မ OLED Full HD+ AMOLED မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate, 1200 Nits Peak Brightness, HDR10+ , 10-bit Color တွေကို ထောက်ပံ့ပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

Snapdragon 778G+ Chipset မောင်းနှင်ထားပြီး 33W Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။ ၁ နာရီအတွင်း အားအပြည့်သွင်းနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် 15W Wireless Charging နဲ့ 5W Reverse Wireless Charging တွေလည်း ပါပါတယ်။ Nothing OS မောင်းနှင်ထားပြီး Stock Android 12 နဲ့ တော်တော် တူကာ Bloatware တွေ မပါပါဘူး။ Nothing က Android Update ၃ နှစ်နဲ့ Security Patch ၄ နှစ် ထည့်ပေးမယ်လို့ ပြောပါတယ်။

အနောက်ဘက်မှာ OIS နဲ့ EIS ပါတဲ့ 50MP Main နဲ့ 50MP Ultrawide (114 Degree Field of View) ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

UK

8GB + 128GB – £399

8GB + 256GB – £449

12GB + 256GB – £499

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၈၈၀,၀၀၀ ဝန်းကျင် ရှိပြီး ဒီလ ၁၆ ရက်နေ့ လန်ဒန်မှာ ရောင်းမှာပါ။

Ref : gizmochina