တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းသတ်မှတ်ခံရ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ပေါင် ၁၇၆ သန်းနဲ့ သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

CIES Football Observatory ကထုတ်ပြန်တဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းမှာ ကိန်းက ထိပ်ဆုံးက ရှိနေတာဖြစ်ပါတယ်။ ဒီစာရင်းအတွက် ကစားသမား တစ်ဦးခြင်းစီရဲ့ စွမ်းဆောင်ရည်၊ အလားအလာ၊ အသက်အရွယ်စတာတွေကို အခြေခံပြီး တွက်ချက်ထားတာပါ။

ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရထားတဲ့စီရော်နယ်ဒိုက အဆင့် ၂၄ မှာသာရှိပြီးပေါင် ၉၁ သန်း တန်ကြေး ရှိပါတယ်။ ထိပ်ဆုံး ၁၀ ဦးမှာ ဟယ်ရီကိန်းပြီးရင် နေမာ(၁၇၁ သန်း) အမ်ဘတ်ပီ(၁၆၃ သန်း)မက်ဆီ(၁၆၁ သန်း) ဆာလာ(၁၅၀ သန်း) ဒယ်လီအလီ(၁၄၉.၈သန်း) ဒီဘရူနီ(၁၄၆ သန်း) ဂရစ်ဇ်မန်း(၁၄၄.၁ သန်း)ဒိုင်ဘာလာ (၁၄၃.၉ သန်း) လူကာကူ(၁၄၉.၂ သန်း) တို့ဘဲ ဖြစ်ပါတယ်။

90Minutes