ဘယ်လ်ဂျီယံကို ရှုံးလို့ ပျော်နေတဲ့ အင်္ဂလိပ်မီဒီယာတွေ

မနေ့ညကကစားခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံကိုရှုံးနိမ့်ပြီး အုပ်စုဒုတိယသာရရှိခဲ့ပေမယ့် ဒါဟာ နိုင်တာထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့အခြေအနေအဖြစ် အင်္ဂလိပ်မီဒီယာတွေနဲ့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အဲဒီပွဲစဉ်မှာ ရှုံးနိမ့်မှုကြောင့် အင်္ဂလန်ဟာ ရှုံးထွက်အဆင့်မှာ ဂျပန်နဲ့မတွေ့တော့ဘဲ ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ကိုလံဘီယာနဲ့ရင်ဆိုင်ရမှာပါ။

ဒါပေမဲ့ ကိုလံဘီယာကိုသာကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့ ဆွီဒင်တို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အင်္ဂလန်ရှိနေတဲ့ ဗိုလ်လုပွဲလမ်းကြောင်းမှာ အခက်ခဲဆုံးပြိုင်ဘက်က စပိန်အသင်းပဲ ရှိနေပါတယ်။ ဘယ်လ်ဂျီယံရောက်ရှိသွားတဲ့ ဗိုလ်လုပွဲလမ်းကြောင်းမှာတော့ ချန်ပီယံရေပန်းစားအသင်းတွေဖြစ်တဲ့ ဘရာဇီး၊ ပြင်သစ်၊ ပေါ်တူဂီ၊ အာဂျင်တီးနားတို့ရှိနေတဲ့အပြင် ဘယ်လ်ဂျီယံဟာ ဂျပန်ကိုအနိုင်ယူကာ ကွာတားတက်နိုင်မယ်ဆိုရင် ဘရာဇီးနဲ့ ဆုံတွေ့ရနိုင်ခြေလည်း ရှိနေတာပါ။

ဒါကြောင့်လည်း အင်္ဂလန်အသင်းရဲ့ရှုံးပွဲအတွက် ဗြိတိန်မီဒီယာတွေ ကျေနပ်နေတာဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၆၆ ခုနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ဖော်ပြမှုတွေလည်းရှိနေပါတယ်။ အဲဒီနှစ်က ဥရောပ ဘောလုံးရပ်ဝန်းမှာ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားရပြီး ဘန်လေက ဥရောပ ၀င်ခွင့်ရခဲ့ကာ မန်စီးတီးအသင်းက အမှတ်ပေးဖလားရခဲ့တဲ့အပြင် ချဲလ်ဆီးအသင်းရဲ့ လိဂ်ရပ်တည်မှုကလည်း အဆင့် ၅ ဖြစ်ခဲ့ပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ တစ်ထပ်တည်းတူညီနေလို့ ၁၉၆၆ ဖြစ်ရပ်တွေဟာ ၅၂ နှစ်အကြာမှာ သမိုင်းတစ်ပတ်လည်ပြီး နောက်တစ်ကြိမ်ပြန်ဖြစ်ကာ အင်္ဂလန်အသင်းလည်း ကမ္ဘာ့ဖလား ချန်ပီယံဖလားကို ရယူနိုင်မလားဆိုကာ မျှော်လင့်နေကြတာဖြစ်ပါတယ်။

 

-Ref; the one sportsjournal