ယူရိုအကြိုဗိုလ်လုပွဲတွင် ပွဲပယ်ခံထားရသူ လေးဦးရှိ

41694968496849

ယူရို ၂၀၁၆ ဆီမီးဖိုင် နယ်ပွဲများကို ပေါ်တူဂီမှ ၀ီလီယမ် ကာဗယ်ဟို၊ ဝေးလ်စ်မှ ဘန်ဒေးဗစ်နှင့် ရမ်ဆေး၊ ဂျာမနီမှ ဟမ်းမဲလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။ ဂျာမနီ တိုက်စစ်မှူးဂိုမက်ဇ်မှာ ဒဏ်ရာကြောင့် ပြိုင်ပွဲတွင် ပြန်လည်  ကစားနိုင်တော့မည် မဟုတ်ပေ။

အိုက်စလန်ကို ဂိုးပြတ်နိုင် ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်း လာသော အိမ်ရှင်ပြင်သစ်အသင်းတွင် အမ်ရိုလိုကန်တီနှင့် အဒေးလ်ရာမီတို့ တစ်ပွဲပယ်ခံရပြီးနောက် ဂျာမနီနှင့် ဆီမီးဖိုင်နယ်ပွဲ၌ ပြန်လည်ပါဝင်ခွင့်ရရှိထားသည်။

အီတလီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဂိုမက်ဇ် သည် ယူရို ၂၀၁၆ ပြိုင်ပွဲ ပြီးဆုံး ချိန်အထိ ဒဏ်ရာကြောင့် လွဲချော် မည်ဖြစ်သည်။ ၎င်းသည် အီတလီကို အနိုင်ရခဲ့သော ကွာတားဖိုင် နယ်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်။

ဂျာမနီအနေဖြင့် ဂိုမက်ဇ် သာမဟုတ်ဘဲ ရှဝိန်းစတိုင်ဂါနှင့် ခီဒီယာတို့ကိုလည်း ဒဏ်ရာများကြောင့် ဆီမီးဖိုင်နယ်ပွဲတွင် ထည့်သုံးနိုင်မည် မဟုတ်၍ ဂျာမနီနည်းပြ ဂျိုအာချင်လိုအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

နောက်ခံလူ ဟမ်းမဲလ်မှာ အီတလီနှင့်ပွဲတွင် အ၀ါကတ်ထပ်မံပြသခံရ၍ ပြင်သစ်နှင့်ပွဲ လွဲချော်မည်ဖြစ်သည်။

ပေါ်တူဂီနှင့် ဝေးလ်စ်အသင်းတို့သည် ဇူလိုင် ၆ ရက် ဗုဒ္ဓဟူးနေ့၌ လိုင်ယွန်မြို့တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဂျာမနီနှင့် ပြင်သစ်တို့သည် ကြာသပတေးနေ့၌ မာဆေးမြို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲတွင် အနိုင်ရသော နှစ်သင်း ဇူလိုင် ၁၀ ရက်၌ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။

—Ref: Goal


Leave a Reply