(၁၂)နှစ်အကြာ အိုလံပီယာကို့စ်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ ယာယာတိုရေးကို အသင်းပရိသတ်ရာပေါင်းများစွာ ကြိုဆို

(၁၂)နှစ်ကြာပြီးနောက် အိုလံပီယာကို့စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြန်လည်ရောက်ရှိခဲ့တဲ့ ကွင်းလယ်လူယာယာတိုရေးကို အသင်းပရိသတ်ရာပေါင်းများစွာက ကြိုဆိုခဲ့ကြပါတယ်။ အသက်(၃၅)နှစ်အရွယ် တိုရေးဟာ တနင်္ဂနွေနေ့က ကာရက်ကိုင်ကစ်ကွင်းမှာ အိုလံပီယာကို့စ်ပရိသတ်တွေရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုကို ရရှိခဲ့တာပါ။

အိုလံပီယာကို့စ်အသင်းအတွက် ယာယာတိုရေးနောက်ဆုံးကစားခဲ့တာက ၂၀၀၅-၀၆ ဘောလုံးရာသီဖြစ်ပါတယ်။ သူဟာ အခုနွေရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့သူပါ။

ယာယာတိုရေးရဲ့အေးဂျင့်က သူ့ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖွယ် ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပေမယ့် အသင်းဟောင်းအိုလံပီယာကို့စ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ (၂၃)နှစ်အတွင်း အဆိုးရွားဆုံးရာသီနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အသင်းကို ယာယာတိုရေး ပြန်ရောက်လာတဲ့အပေါ် အိုလံပီယာကို့စ်ပရိသတ်တွေက စိတ်လှုပ်ရှားလျက် ရှိနေကြပါတယ်။ ယာယာတိုရေး ကလည်း အသင်းဟောင်းကို ပြန်ပြောင်းဖို့ မဆုံးဖြတ်ခင် ကလပ်အသင်းများစွာရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

90Minutes