Laureus ထူးချွန်ဆုကို မက်ဆီနှင့်ဟာမီလ်တန်တို့ပူးတွဲဆွတ်ခူး

ကမ္ဘာ့အားကစားလောကမှ ထူးချွန်ကစားသမားများကို ရွေးချယ်၍ နှစ်စဉ်ချီးမြှင့်လေ့ရှိသော Laureus ထူးချွန်ဆု၏ ယခုနှစ်ဆု ချီးမြှင့်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မက်ဆီနှင့် ဟာမီလ်တန်တို့ ပူးတွဲရရှိခဲ့ကြသည်။ အဆိုပါဆုပေးပွဲသည် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆု၊ တစ်နှစ်တာအကောင်းဆုံး အသင်းဆုနှင့် ဆိုးရွားသည့်အခြေအနေမှပြန်လည် ရုန်းထအနိုင်ဆုံးဆု၊ မထင်မရှား အခြေအနေမှ ထိုးဖောက်အောင်မြင် မှုယူနိုင်ဆုံးဆုတို့ကိုလည်း ချီးမြှင့်လေ့ရှိသည်။

အမျိုးသမီးဆုကိုလည်းအမေရိကန်ကျွမ်းဘားအားကစားမယ်ဆီမြွန်နီ ဘိုင်းစ်ကဆွတ်ခူးရရှိခဲ့ပြီးအကောင်း ဆုံးအသင်းဆုကို တောင်အာဖရိက အမျိုးသားရက်ဘီအသင်းက ဆွတ်ခူးရရှိသွားခဲ့သည်။ ဆိုးရွားသည့် အခြေအနေမှ ပြန်လည်ရုန်းထနိုင်သည့်ဆုကို ဂျာမန်ပြိုင်ကားမောင်း မယ်ဆိုဖီယာဖလော်ရက်ခ်ျက ဆွတ်ခူးရရှိခဲ့ပြီး ထိုးဖောက်အောင်မြင်မှု အရယူနိုင်ဆုံးဆုကို ကိုလံဘီယာ စက်ဘီးစီးကစားသမား အီဂန်ဘာနယ်တို့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Ref; BBC