ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားအလိုမရှိကြောင်း ဒေသခံကျေးရွာသားများက ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲအား ရန်ကုန်-မန္တလေးကားလမ်းဟောင်း မြို့သစ်ရပ်ကွက် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဂိတ်ပေါက်အမှတ်(၂)အထိ ဒေသခံပြည်သူများက နိုင်ငံတော်နှင့်တိုင်းဒေသကြီး ရန်ပုံငွေကို မမှန်မကန်လမ်းလွှဲအသုံးပြုသူဌာနဆိုင်ရာတာဝန်ရှိသူအားလုံးကိုအရေးယူပေးပါ။ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုသောကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အလိုမရှိ၊ ကဝမြို့နယ် ရစ်ကန်ကြီးကျေးရွာကို ခင်း မည့်ကွန်ကရစ်လမ်းအား တရားဝင်လမ်း ကြောင်းအမှန်အတိုင်းခင်းပေးရေး ဒို့အရေး စသည့်ဗီနိုင်းများကိုင်ဆောင်ခဲ့ပြီး ကဝမြို့ နယ် ရစ်ကန်ကြီးကျေးရွာ ကွန်ကရစ်လမ်း ခင်းမည့်လမ်းကြောင်း လွဲမှားနေမှု၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏မမှန်မကန်အဂတိ လိုက် လုပ်ဆောင်ထားမှုနှင့် ထိုတာဝန်ရှိသူများကို အရေးယူဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဟောပြောဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရ သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)