ဖုန္း(သို႔)ကြန္ပ်ဴတာကို စိတ္ကူးျဖင့္ ထိန္းခ်ဳပ္နိုင္သည့္ ပစၥည္းတစ္ခုကို လူသားဦးေႏွာက္တြင္းသို႔ အီလြန္မတ္စ္၏ ကုမၸဏီက ေအာင္ျမင္စြာထည့္သြင္း

အေမရိကန္ စြန႔္ဦးတီထြင္သူ ဘီလ်ံနာ အီလြန္မတ္စ္၏ အာ႐ုံေၾကာနည္းပညာကုမၸဏီျဖစ္ေသာ Neuralink သည္ လူ႔ဦးေႏွာက္အတြင္းသို႔ အီလက္ထရြန္းနစ္ပစၥည္းတစ္ခုကို ကမၻာေပၚတြင္ ပထမဆုံးအႀကိမ္အျဖစ္ ဇန္နဝါရီ ၂၈ ရက္က ေအာင္ျမင္စြာ ထည့္သြင္းနိုင္ခဲ့သည္။
အဆိုပါ ပစၥည္းကို “တယ္လီပသီ”ဟု အမည္ေပးထားၿပီး၊ ယင္းပစၥည္းကို ဦးေႏွာက္တြင္းထည့္သြင္းထားသူတစ္ဦးသည္ “ခင္ဗ်ားရဲ့ဖုန္း ဒါမွမဟုတ္ ကြန္ပ်ဴတာကို အေတြးနဲ႔တင္ ထိန္းခ်ဳပ္ေစခိုင္းနိုင္တာေၾကာင့္၊ အဲဒီကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ ဘယ္ပစၥည္းကိုမဆိုကိုလဲ အေတြးနဲ႔ပဲ ထိန္းခ်ဳပ္နိုင္ပါတယ္။” ဟု အီလြန္မတ္စ္က ေျပာသည္။
“ပထမဆုံးလူသားသည္ Neuralink မွ ထည့္သြင္းေပးလိုက္ေသာ ပစၥည္းကို သူ၏ ဦးေႏွာက္က ေကာင္းမြန္စြာ လက္ခံခဲ့ၿပီး၊ ယခုအခါတြင္ ခြဲစိပ္ကုသၿပီးအျခအေန ေကာင္းမြန္လာၿပီျဖစ္သည္။ ဦးေႏွာက္တြင္းရွိ န်ဴရြန္ခုန္လွိုင္းမ်ားကို ေထာက္လွမ္းသိရွိမႈ ရလဒ္မ်ားလည္း အလားအလာေကာင္းမြန္ေနသည္” ဟု အီလြန္မတ္စ္က သူပိုင္ဆိုင္သည့္ လူမႈကြန္ရက္ X တြင္ ေရးသားခဲ့သည္။
“ဒီကိရိယာကို ကနဦးအသုံးျပဳသူေတြဟာ ေျခလက္အဂၤါေတြကို အသုံးမျပဳနိုင္ေတာ့တဲ့သူေတြပဲ ျဖစ္ၾကဖို႔မ်ားပါတယ္။ စတီဖင္ေဟာ့ကင္းဟာ အင္မတန္ျမန္တဲ့စာစီစာရိုက္သမားတစ္ေယာက္ ဒါမွမဟုတ္ ေလလံပြဲမွာေၾကညာသူတစ္ေယာက္ထက္ကို ျမန္ဆန္စြာနဲ႔ တျခားသူေတြနဲ႔ ဆက္သြယ္မႈျပဳလုပ္နိုင္တာကို စိတ္ကူးၾကည့္လိုက္ပါ။ ဒါဟာ က်ဳပ္လိုခ်င္တဲ့ ပန္းတိုင္ပါပဲ” ဟု ဘီလီယံနာ မတ္စ္က ရွင္းျပသည္။
အီလြန္မတ္စ္ သည္ ၂၀၁၆ ခုႏွစ္ ဇူလိုင္လတြင္ Neuralink ကုမၸဏီကို စတင္ တည္ေထာင္ဖန္တီးခဲ့သည္။ ထို႔ေနာက္ လူ႔ဦးေႏွာက္ထဲသို႔ ထည့္သြင္းနိုင္သည့္ ခ်စ္ပ္မ်ားကို တီထြင္ခဲ့သည္။ ၂၀၂၃ ခုႏွစ္၊ ေမလ ၂၅ ရက္ေန႔တြင္၊ Neuralink ကုမၸဏီသည္ လူသားမ်ားကို လက္ေတြ႕စမ္းသပ္မႈျပဳလုပ္ရန္အတြက္ အေမရိကန္ျပည္ေထာင္စု အစားအေသာက္ႏွင့္ေဆးဝါး ညႊန္ၾကားမႈဦးစီးဌာန(FDA) ထံမွ ခြင့္ျပဳခ်က္ရရွိခဲ့သည္။

========

ဖုန်း(သို့)ကွန်ပျူတာကို စိတ်ကူးဖြင့် ထိန်းချုပ်နိုင်သည့် ပစ္စည်းတစ်ခုကို လူသားဦးနှောက်တွင်းသို့ အီလွန်မတ်စ်၏ ကုမ္ပဏီက အောင်မြင်စွာထည့်သွင်း

အမေရိကန် စွန့်ဦးတီထွင်သူ ဘီလျံနာ အီလွန်မတ်စ်၏ အာရုံကြောနည်းပညာကုမ္ပဏီဖြစ်သော Neuralink သည် လူ့ဦးနှောက်အတွင်းသို့ အီလက်ထရွန်းနစ်ပစ္စည်းတစ်ခုကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်က အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။
အဆိုပါ ပစ္စည်းကို “တယ်လီပသီ”ဟု အမည်ပေးထားပြီး၊ ယင်းပစ္စည်းကို ဦးနှောက်တွင်းထည့်သွင်းထားသူတစ်ဦးသည် “ခင်ဗျားရဲ့ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို အတွေးနဲ့တင် ထိန်းချုပ်စေခိုင်းနိုင်တာကြောင့်၊ အဲဒီကွန်ပျူတာ ဒါမှမဟုတ် ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဘယ်ပစ္စည်းကိုမဆိုကိုလဲ အတွေးနဲ့ပဲ ထိန်းချုပ်နိုင်ပါတယ်။” ဟု အီလွန်မတ်စ်က ပြောသည်။
“ပထမဆုံးလူသားသည် Neuralink မှ ထည့်သွင်းပေးလိုက်သော ပစ္စည်းကို သူ၏ ဦးနှောက်က ကောင်းမွန်စွာ လက်ခံခဲ့ပြီး၊ ယခုအခါတွင် ခွဲစိပ်ကုသပြီးအခြအနေ ကောင်းမွန်လာပြီဖြစ်သည်။ ဦးနှောက်တွင်းရှိ နျူရွန်ခုန်လှိုင်းများကို ထောက်လှမ်းသိရှိမှု ရလဒ်များလည်း အလားအလာကောင်းမွန်နေသည်” ဟု အီလွန်မတ်စ်က သူပိုင်ဆိုင်သည့် လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။
“ဒီကိရိယာကို ကနဦးအသုံးပြုသူတွေဟာ ခြေလက်အင်္ဂါတွေကို အသုံးမပြုနိုင်တော့တဲ့သူတွေပဲ ဖြစ်ကြဖို့များပါတယ်။ စတီဖင်ဟော့ကင်းဟာ အင်မတန်မြန်တဲ့စာစီစာရိုက်သမားတစ်ယောက် ဒါမှမဟုတ် လေလံပွဲမှာကြေညာသူတစ်ယောက်ထက်ကို မြန်ဆန်စွာနဲ့ တခြားသူတွေနဲ့ ဆက်သွယ်မှုပြုလုပ်နိုင်တာကို စိတ်ကူးကြည့်လိုက်ပါ။ ဒါဟာ ကျုပ်လိုချင်တဲ့ ပန်းတိုင်ပါပဲ” ဟု ဘီလီယံနာ မတ်စ်က ရှင်းပြသည်။
အီလွန်မတ်စ် သည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် Neuralink ကုမ္ပဏီကို စတင် တည်ထောင်ဖန်တီးခဲ့သည်။ ထို့နောက် လူ့ဦးနှောက်ထဲသို့ ထည့်သွင်းနိုင်သည့် ချစ်ပ်များကို တီထွင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင်၊ Neuralink ကုမ္ပဏီသည် လူသားများကို လက်တွေ့စမ်းသပ်မှုပြုလုပ်ရန်အတွက် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာန(FDA) ထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။