နားရောဂါပိုးဝင်မှုကို စစ်ဆေးပေးနိုင်မယ့် headphone တီထွင်ပြီး ထိပ်တန်းဆုရခဲ့တဲ့ ၁၄ နှစ်သမီး

3M Young Scientist Challenge ပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့က ၁၄ နှစ်အရွယ် ကျောင်းသူက ပထမဆု ဆွတ်ခူးခဲ့တယ်။ လီအန်နီဖန်းက machine learning နဲ့ blue light ကုထုံးကို အသုံးပြုပြီး ကလေးငယ်တွေမှာ နားအလယ်ပိုင်း ရောဂါပိုးဝင်မှုကို စမ်းသပ်စစ်ဆေးပေးနိုင်မယ့် စရိတ်နည်း headphone ကို တီထွင်ခဲ့တာပါ။ သူ့ရဲ့ တီထွင်မှုဟာ ကလေးငယ်တွေမှာ အကြားအာရုံ ဆုံးရှုံးမှုကို ၆၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း နားအလယ်ပိုင်း ရောဂါပိုးဝင်မှု ခံစားရသူ သန်း ၇၀၀ ရှိပြီး လူ ၂၁၀၀၀ နီးပါး သေဆုံးနေရပါတယ်။ နား ရောဂါပိုးဝင်သူ အများစုဟာ နွမ်းပါးတဲ့အသိုင်းအဝိုင်းက ကလေးငယ်တွေ ဖြစ်ပါတယ်။ လီအန်နီဖန်းက ပဋိဇီဝဆေး မသုံးဘဲ နားအလယ်ပိုင်း ရောဂါပိုးဝင်တာကို စစ်ဆေး၊ ကုသပေးနိုင်ဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။ သူ့ရဲ့ တီထွင်မှုက အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဆု ဆွတ်ခူးခဲ့ပြီး လီအန်နီဖန်းကတော့ ဆုကြေးကို အသုံးပြုကာ headphone တွေအတွက် မူပိုင်ခွင့်တင်ဖို့ စီစဉ်နေပါပြီ။

Ref: 14-yo Crowned ‘America’s Top Young Scientist’ for Headphones That Treat Ear Infections With Blue Light

Team(ရိုးရာလေး)