၃၆၀ ဒီဂရီလှည့်နိုင်တဲ့ Flex 11 Chromebook ကို Lenovo မိတ်ဆက်ကြေညာ

Lenovo ဟာ ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ Flex 11 Chromebook သစ်ကို မိတ်ဆက် ကြေညာခဲ့ပါတယ်။

အဲ့ဒီဒီဇိုင်းကြောင့် Chromebook သစ်ကို laptop, tent, tablet စတဲ့ ပုံစံအနေအထား အမျိုးမျိုးနဲ့ အသုံးပြု နိုင်ပါတယ်။ ၁၁.၆ လက်မ touchscreen ပါဝင်ပြီး resolution က 1,366 x 768 ဖြစ်ပါတယ်။

Flex 11 မှာ 2.1GHz quad-core ARM processor, 4GB RAM နဲ့ 32GB storage တို့ကို အသုံးပြု ထားပါတယ်။ ချိတ်ဆက်မှုအပိုင်းအနေနဲ့ Wi-Fi အပြင် USB Type-C port တစ်ခု၊ USB 3.0 port တစ်ခု၊ mic/audio jack တစ်ခု၊ HDMI နဲ့ SD card reader တစ်ခုတို့ ပါဝင်ပါတယ်။

720p HD webcam ပါဝင်ပြီး Flex 11 ကို ဘက်ထရီနဲ့ ၁၀ နာရီကြာအသုံးပြုနိုင်မယ်လို့ Lenovo က ပြော ပါတယ်။ အလေးချိန်က ၁.၃၅ ကီလိုဂရမ်ပါ။ ကီးဘုတ်က ၃၃၀ မီလီလီတာ ရေဖိတ်ကျတဲ့ဒဏ်ကို ခံနိုင်ပါတယ်။ Google Play Store အသုံးပြုခွင့်ကိုတော့ မကြာမီရရှိမယ်လို့ ဆိုပါတယ်။

Flex 11 Chromebook ရဲ့တန်ဖိုးက ၂၇၉ ဒေါ်လာဖြစ်ပြီး ဧပြီလကုန်ပိုင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena

# Internet Journal