Huawei ရဲ့ AI နည်းပညာက Covid-19 ကို ၂ မိနစ်အတွင်း စစ်ဆေးပေးနိုင်

Huawei ကလည်း ကိုရိုနာဗိုင်းရက်စ်ကို ပူးပေါင်း တိုက်ဖျက်နေပြီး ဗိုင်းရက်စ် ကူးစက်တာကို မြန်မြန်ဆန်ဆန် စစ်ဆေးပေးနိုင်တဲ့ AI နည်းပညာကို ဖန်တီးနေပါတယ်။ သူတို့ရဲ့ နည်းပညာကို ဖိလစ်ပိုင်နဲ့ အီကွေဒေါက ဆေးရုံတွေမှာ စတင် သုံးနေပါပြီ။ Huawei က ဒီနည်းပညာကို စိတ်ဝင်စားနေတဲ့ နိုင်ငံများစွာရှိတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရက်စ်က အဆုတ်ကို တိုက်ခိုက်တာ ဖြစ်ပြီး CT Images တွေကို AI နဲ့ စစ်ဆေးတဲ့ နည်းပညာကို Huawei က သုံးထားပါတယ်။ အဲဒီ ဓါတ်ပုံတွေကို Huawei က Cloud Servers ဆီပေးပို့မှာ ဖြစ်ပြီး AI က ဒေတာဘေ့စ်တွေနဲ့ တိုက်ဆိုက်စစ်ဆေးမှာပါ။ အဲဒီဒေတာဘေ့စ်မှ ဒေတာ အများစုဟာ တရုတ်က ဖြစ်ပါတယ်။

AI က ၂ မိနစ်အတွင်း ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနိုင်ပြီး တိကျမှုက ၉၈ ရာခိုင်နှုန်းတောင်ရှိပါတယ်။ အဲဒီနောက်မှာ ဆရာဝန်တွေထံ ရလဒ်ကို ပေးပို့မှာ ဖြစ်ပါတယ်။ Huawei ရဲ့ AI နည်းပညာဟာ သမားရိုးကျ နည်းလမ်းတွေထက် အရမ်းကို မြန်ဆန်ပါတယ်။

Ref : gizchina