X (Twitter) မွာ Taylor Swift ကို ရွာလို႔ မရေအာင္ ပိတ္ပင္ထား

မၾကာခင္ကပဲ AI နဲ႔ ဖန္တီးထားတဲ့ Taylor Swift ရဲ့ ညစ္ညမ္း ဓါတ္ပုံေတြ X (Twitter) မွာ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီ ဓါတ္ပုံေတြကို X က လိုက္ဖ်က္ေနၿပီး ဓါတ္ပုံတင္တဲ့ အေကာင့္ေတြကို လိုက္ပိတ္ေနပါတယ္။ X မွာ Taylor Swift သို႔မဟုတ္ Taylor Swift AI လို႔ ရွာရင္လည္း မျပသေပးေအာင္ ပိတ္ပင္ထားၿပီး အဲဒီလို ရွာရင္ “Something Went Wrong” လို႔ ျပသေပးပါတယ္။ လုံျခဳံေရးအရ X မွာ Taylor Swift ကို ရွာလို႔ မရေအာင္ ယာယီ ပိတ္ပင္ထားတယ္လို႔ X ရဲ့ စီးပြားေရးလုပ္ငန္းဌာနမွ အႀကီးအကဲ Joe Benarroch က ေျပာပါတယ္။
Taylor Swift ရဲ့ AI ညစ္ညမ္းဓါတ္ပုံေတြဟာ X မွာသာမက တျခား လူမႈကြန္ရက္ေတြမွာပါ ေတာမီးလို ပ်ံ႕ႏွံ့သြားခဲ့ပါတယ္။ Meta ကလည္း အဲဒီျပႆနာကို ကိုင္တြယ္ေနတယ္လို႔ ထင္ရၿပီး Threads နဲ႔ Instagram မွာ Taylor Swift ကို ရွာရင္ ဘာမွ မျပသေပးေတာ့ဘဲ အႏၲရာယ္ရွိတဲ့ အဖြဲ႕အစည္းနဲ႔ လူေတြရဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္ေနတဲ့ Term ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
Taylor Swift ဟာ သူ႔ရဲ့ ညစ္ညမ္း ဓါတ္ပုံေတြ တင္ထားတဲ့ ဝက္ဘ္ဆိုက္ေတြကို တရားဥပေဒနဲ႔ အေရးယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းထြက္ေနပါတယ္။
Deepfake Porn ဟာ လူေတြအရွက္ရေစမယ့္ နည္းပညာ ျဖစ္လာပါတယ္။ အိမ္ျဖဴေတာ္ရဲ့ အတြင္းေရးမႉး Karine Jean-Pierre က Deepfake Porn ကေန လူေတြကို ကာကြယ္ဖို႔ ဥပေဒေတြ ေရးဆြဲသင့္တယ္လို႔ ေျပာပါတယ္။

Ref : theverge

#DigitalTimes

=========

X (Twitter) မှာ Taylor Swift ကို ရှာလို့ မရအောင် ပိတ်ပင်ထား

မကြာခင်ကပဲ AI နဲ့ ဖန်တီးထားတဲ့ Taylor Swift ရဲ့ ညစ်ညမ်း ဓါတ်ပုံတွေ X (Twitter) မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံတွေကို X က လိုက်ဖျက်နေပြီး ဓါတ်ပုံတင်တဲ့ အကောင့်တွေကို လိုက်ပိတ်နေပါတယ်။ X မှာ Taylor Swift သို့မဟုတ် Taylor Swift AI လို့ ရှာရင်လည်း မပြသပေးအောင် ပိတ်ပင်ထားပြီး အဲဒီလို ရှာရင် “Something Went Wrong” လို့ ပြသပေးပါတယ်။ လုံခြုံရေးအရ X မှာ Taylor Swift ကို ရှာလို့ မရအောင် ယာယီ ပိတ်ပင်ထားတယ်လို့ X ရဲ့ စီးပွားရေးလုပ်ငန်းဌာနမှ အကြီးအကဲ Joe Benarroch က ပြောပါတယ်။
Taylor Swift ရဲ့ AI ညစ်ညမ်းဓါတ်ပုံတွေဟာ X မှာသာမက တခြား လူမှုကွန်ရက်တွေမှာပါ တောမီးလို ပျံ့နှံ့သွားခဲ့ပါတယ်။ Meta ကလည်း အဲဒီပြဿနာကို ကိုင်တွယ်နေတယ်လို့ ထင်ရပြီး Threads နဲ့ Instagram မှာ Taylor Swift ကို ရှာရင် ဘာမှ မပြသပေးတော့ဘဲ အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းနဲ့ လူတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်နေတဲ့ Term ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Taylor Swift ဟာ သူ့ရဲ့ ညစ်ညမ်း ဓါတ်ပုံတွေ တင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို တရားဥပဒေနဲ့ အရေးယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။
Deepfake Porn ဟာ လူတွေအရှက်ရစေမယ့် နည်းပညာ ဖြစ်လာပါတယ်။ အိမ်ဖြူတော်ရဲ့ အတွင်းရေးမှူး Karine Jean-Pierre က Deepfake Porn ကနေ လူတွေကို ကာကွယ်ဖို့ ဥပဒေတွေ ရေးဆွဲသင့်တယ်လို့ ပြောပါတယ်။

Ref : theverge

#DigitalTimes